Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရ

ပြည်သူများနှင့် စစ်ဘေးရှောင်နေရာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခြင်းဟု ၎င်းတို့က ဆိုသည်။

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပြည်သူများနှင့် စစ်ဘေးရှောင်နေရာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခြင်းဟု ၎င်းတို့က ဆိုသည်။

ထို့အပြင် ယခုဖြစ်စဥ်အပါအဝင် သုံးရက်အတွင်း ပြည်သူခြောက်ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အခု မနက် ၄နာရီလောက်မှာ လက်နက်ကြီး ကျလာတာ။ထိတဲ့သူ သုံးဦးမှာ စိုးရိမ်ရတဲ့သူအချို့လည်းပါတယ်”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ – ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း

ကျည်ထိမှန်သူများအနက် အသက် (၄၅)နှစ်အရွယ် ဒေါ်မူဟိုက်မှာ ဝမ်းဗိုက်၊တင်ပါး၊ဘယ်လက်မောင်း နေရာများ၊ အသက်(၄၆)နှစ်အရွယ် ဦးတိုမှာ တင်ပါး၊ ပေါင်နေရာများထိမှန်နှင့် အသက်(၂၅)နှစ်အရွယ် ကိုကမီးယိုပုမှာ ဦးခေါင်း၊ဘယ်ခြေချင်းဝတ် နေရာများထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း အသိပေးသည်။

အောက်တိုဘာ ၂၄ ရက်ကလည်း ကုန်းသာကျေးရွာစစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လင်းမယားနှစ်ဦး ဆုံးပါးခဲ့ရသည်။

အထက်ပါဖြစ်စဥ်နှစ်ခုအရ လွိုင်ကော်အမြောက်တပ်နှင့် မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂) တပ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတို့က ဆိုသည်။

ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် ဒေသခံပြည်သူ ၆၅ ဦးအထိရှိကြောင်းလည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။