Connect with us

Hi, what are you looking for?

သတင်း

လုံဂျာဘွမ်(​တောင်)တိုက်ပွဲစစ်ကောင်စီတပ်အထိနာ​နေ

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များကမူ ယ​နေ့(​အောက်တိုဘာ ၃၀)နံနက်တွင် လုံဂျာဘွမ်​တောင်ရှိKIA စခန်းကို သိမ်းပိုက်ရရှိ​ကြောင်း ​ရေးသားဝါဒဖြန်ချီ​နေသည်။

လုံဂျာဘွမ်​ဒေသတိုက်ပွဲဖြစ်ပွားမှု အ​ခြေအ​နေပြ ​မြေပုံ
လုံဂျာဘွမ်​ဒေသတိုက်ပွဲဖြစ်ပွားမှု အ​ခြေအ​နေပြ ​မြေပုံ

▪︎တိုက်ပွဲ၇ ရက်အတွင်းအရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း၈၁လောင်းနှင့် စစ်သုံးပစ္စည်းများရရှိ

▪︎စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်ဖြင့် စစ်မျက်နှာများဖွင့်ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်နေဟု KIA အသိပေး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်(တောင်)ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KIAနှင့် နီးစပ်သည့် ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA အမှတ်(၃)တပ်မဟာ အမှတ်(၁၅)တပ်ရင်း နယ်မြေ မိုးမောက်မြို့နယ် လုံဂျာတောင်၌ တပ်စွဲထားသည့် KIA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ အောက်တိုဘာ ၂၂ရက်မှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်​ကောင်စီတပ်အထိနာ၍ စလေကြောင်းမှန့စဥ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။

လုံဂျမ်ဘွမ်​ဒေသကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ
လုံဂျမ်ဘွမ်​ဒေသကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ

အောက်တိုဘာ ၂၈ရက်တွင် စစ်ကောင်စီတပ်က အင်အား ၅၀၀ ဝန်းကျင် ပါဝင်တဲ့အဖွဲ့များဖြင့် လုံဂျာတောင် ဒေသသို့ စစ်မျက်နှာပြင်များဖွင့်ကာ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများပြင်းထန်စွာဆက်ဖြစ်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ရက် နံနက် ပိုင်းက KIAနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူများ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“အထိအခိုက်များတယ်လို့ ကြားတယ်။ အဲဒါကြောင့်လေယာဉ်လာတာ။ အထိအခိုက်မများရင် လေယာဉ်မလာဘူး။ မြေပြင်သတင်းအရ အကြမ်းဖျင်း သိရတာက အဲဒီမိုးမောက်နဲ့ အခု လုံဂျာဘွမ် အဲဒီအပေါ်မှာ PDF အဖွဲ့တွေ စခန်းချတယ်ဆိုတာ သတင်းကြားလို့ အဲဒါကိုမရ ရအောင် တိုက်

Public Service Announcement

Public Service Announcement

ခိုက် တယ်လို့ပဲ ကြားသိရတယ်။ ဒါပေမဲ့လည်း ကျနော်တို့ ပြန်သိတာ PDF တွေလည်း အဲဒီမှာ မရှိဘူး အဲဒီမှာ KIA သူ့ရဲ့ ပိုစ့်စခန်းတော့ရှိတယ်။ အဲဒီမှာ လာတိုက်တာပေါ့” ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ခဲယမ်းများ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိသည်ဟု သိရသော်လည်း အရေအတွက် အတိအကျ မသိရဟု ၎င်း ကဆက်​ပြောသည်။

စစ်ရေးအခြေအနေများ ဖော်ပြနေသည့် ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း အောက်တိုဘာ ၂၉ရက်က လုံဂျာဘွမ်ဒေသ လက်ဝါးကပ်တိုင်ကုန်းအနီး တိုက်ပွဲ၌ KIA တပ်ရင်း(၁၅)က စစ်ကောင်စီတပ်အား တိုက်ခိုက်ရှင်းလင်းနေသည့် ရုပ်သံမှတ်တမ်း KIAအရာရှိတစ်ဦးကမျှ​ဝေအသိ​ပေးခဲ့သည်။

လုံဂျာဘွမ်ဒေသတိုက်ပွဲ၌ KIAနှင့် KPDF ပူးပေါင်းအဖွဲ့မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ ပစ္စည်းပါ ခြင်းကျား (၃၀) ခု၊ ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်မှအလောင်း ၈၁လောင်း၊ လက်နက်နှင့် ခဲယမ်းများစွာကို တိုက်ပွဲ ၇ရက်တာကာလအတွင်း ရရှိခဲ့သည်ဟု အဆိုပါအရာရှိက ရုပ်သံမှတ်တမ်းနှင့်အတူ ရေးသားဖော်ပြခဲ့သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များကမူ ယ​နေ့(​အောက်တိုဘာ ၃၀)နံနက်တွင် လုံဂျာဘွမ်​တောင်ရှိKIA စခန်းကို သိမ်းပိုက်ရရှိ​ကြောင်း ​ရေးသားဝါဒဖြန်ချီ​နေသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရ​သေးပါ။

KIA သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်တွင် တိုက်ပွဲ၌ နှစ်ဖက် ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ အရပ်သား အချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၉ရက်တိုက်ပွဲတွင် မိုးမောက်ဘုန်းကြီးကျောင်း၌ တပ်စွဲနေရာယူထားသည့် ခမရ(၄၃၇)တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မိုးမောက်ဆေးရုံအနီးရှိ ပြည်သူလူထုနေအိမ်သို့ ကျရောက်ပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

မိုးမောက်ဒေသခံ တစ်ဦးက အောက်တိုဘာ ၂၉ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ယခင်နေ့များထက် ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၄ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook