Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား စုပေါင်းရုံးပေါက်ကွဲမှု လူထိခိုက်မှုရှိ

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင် ခန်းမအနီး အောက်တိုဘာ ၃၀ရက် ညနေ၆နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အသက် (၃၀)အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kachinwavesမီဒီယာ က ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ​၏ ပြည်နယ်စုပေါင်းရုံး၌ ယမန်နေ့ညနေက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီမှာ လူတစ်ယောက်ပါသွားတယ်။ ဒါပေမဲ့ ဘယ်သူလဲဆိုတာ သေချာတော့ မသိရဘူး။ ဖြစ်တာက စုပေါင်းရုံးမှာ။ မြို့လယ်မှာပဲရှိတာ။ ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ပြီးခဲ့တဲ့ရက် ကလည်း ပေါက်ကွဲမှုရှိတယ်”ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင် ခန်းမအနီး အောက်တိုဘာ ၃၀ရက် ညနေ၆နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အသက် (၃၀)အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kachinwavesမီဒီယာ က ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ – Kachinwaves

“ကျွန်မတို့ မြို့အခြေအနေက အားလုံးသတိထားပြီးနေရတဲ့အခြေအနေပေါ့နော်။ ဖားကန့်ကိစ္စ(အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှု)မှာ ပြန်လာတဲ့ လူနာမိသားစုတွေကို လိုက်စုံစမ်းတဲ့ဟာတွေပြီးရင် ကောလဟလလား တကယ်လား မသိပေမယ့်သူတို့ အဲဒါတွေကို ၁၇(၁)နဲ့အရေးယူမယ် အဲဒါလိုက်စုံစမ်းတဲ့ ပုံစံရှိတော့ နာရေးတွေလည်း ကောင်းကောင်းမလုပ်ရဘူး”ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ - Kachinwaves
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့ရစဉ်၊ ဓာတ်ပုံ – Kachinwaves

ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက် ခိုက်ခံရမှုအပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ကမြို့ပေါ် သို့ လှည့်ပတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

အောက်တိုဘာ ၂၇ရက်ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းနှစ်ခြင်းဘုရားကျောင်းအနီး ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ UMG Myitkyina Branch ဘတ်ဟိုးရောင်းဝယ်ရေး ကုမ္ပဏီ ဝင်းအတွင်း မိုင်းပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။