Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်ရှိ လောင်းကစားဝိုင်းများအား ဖမ်းဆီးမည်ဟု မဟာမိတ်ညီနောင်များအဖွဲ့ သတိပေး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့နယ်ရှိ လောင်းကစားဝိုင်းများအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် စီးနင်းကာ ပြစ်ဒဏ်ပေးခဲ့သေးသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီအား ဆပ်ကြေးပေးဖွင့်နေသည့် လောင်းကစားဝိုင်းများအား ဖမ်းဆီးစစ်ဆေးအရေးယူမည်ဟု ခရိုင်အတွင်းရှိ ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့က သတိပေးကြေညာသည်။

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများတွင် ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများ(ပုံဝိုင်း၊ ဖဲဝိုင်း၊ ကြက်ပွဲ စသည့်လောင်းကစားများ အပါအဝင်) လုံးဝမပြုလုပ်ရန်၊ လောင်းကစားဝိုင်းများသည် စစ်ကောင်စီတပ်ကို ဆက်ကြေးပေး ပေါ်ပေါ်တင်တင် ပြုလုပ်နေသောကြောင့် အရေးယူတော့မည်ဟု ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လောင်းကစားဝိုင်းတွေအနေနဲ့ကတော့ ယခုလိုခက်ခဲနေတဲ့ကာလမှာ ပြည်သူတွေဒီထက်ပိုဒုက္ခမရောက်စေချင်လို့ပါဗျ။လောင်းကစားသမားတစ်ယောက်ကြောင့် တစ်မိသားစုလုံးဒုက္ခရောက်စေနိုင်ပါတယ်။ ကျွန်တော်တို့နယ်မြေမှာသောင်းကျန်းနေတဲ့လောင်းကစားဝိုင်းတွေက ပုံဝိုင်း၊ကြက်ဝိုင်း၊ဖဲဝိုင်း ဒါမျိုးတွေများပါတယ်ဗျ။ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို သွေးစွန်းငွေတွေမပေးမိကြဖို့ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာကြဖို့ အသိပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အလားတူ စစ်ကောင်စီတပ်ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် တားမြစ်ထားသည်။ ထိုသို့ တားဆီးရခြင်းမှာ ပြည်သူအားသတ်မည့်ကျည်ဆံဖိုးများ စစ်ကောင်စီထံ မရောက်စေရန်ဖြစ်ကြောင်း၊ ယခင်ကလည်း တားမြစ်ခဲ့ပြီး ယခုအရေးယူတော့မည်ဖြစ်၍ အတိအလင်းသတိပေးကြေညာခြင်းဖြစ်ကြောင်း ပူးပေါင်းမဟာမိတ်ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့နယ်ရှိ လောင်းကစားဝိုင်းများအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် စီးနင်းကာ ပြစ်ဒဏ်ပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။