Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်အချို့ဖမ်းဆီးခံရသော်လည်း ကျန်ရဲဘော် များဖြင့် ပြောက်ကျားစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု IUF ကြေညာ

IUFအဖွဲ့၏ ရဲဘော် ၁၀ဦးကို ယခုလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက တယ်လီဂရမ်ချန်နယ်တွင် ယမန်နေ့ကစတင် ဖြန့်ဝေသည်။

ရဲဘော်အချို့ဖမ်းဆီးခံရသော်လည်း ကျန်ရဲဘော် များဖြင့် ပြောက်ကျားစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု IUF ကြေညာ
ရဲဘော်အချို့ဖမ်းဆီးခံရသော်လည်း ကျန်ရဲဘော် များဖြင့် ပြောက်ကျားစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု IUF ကြေညာ

▪️ကျန်ရဲဘော်များ လွတ်မြောက်နယ်မြေရောက်ရှိဟု အသိပေး

မြို့ပြပြောက်ကျားရဲဘော်အချို့ ဖမ်းဆီးခံလိုက်ရသော်လည်း ကျန်ရှိရဲဘော်များက ရန်ကုန်မြို့၌ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြောက်ကျား စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဟု Inya Urban Force (IUF)က ယနေ့(အောက်တိုဘာ ၃၁ ရက်) ထုတ်ပြန်သည်။

မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့ရှိ IUF ရဲဘော်အချို့ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်လျက်ရှိကာ ဖမ်းဆီးခံ ရဲဘော်အချို့၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု အဆိုပါအဖွဲ့က ဖော်ပြသည်။

ထို့အပြင် ၎င်းတို့ထံမှ သတင်းအချက်အလက်အချို့ ပေါက်ကြားခဲ့သည့်တိုင် ဖမ်းဆီးခံရဲဘော် များနှင့် ဆက်စပ်လျက်ရှိသော ကွင်းဆက်များကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့ကာ လွတ်မြောက်နယ် မြေသို့ရောက် ရှိနေပြီဟု IUF က ဆိုသည်။

ထို့ကြောင့် ကျန်ရှိနေသည့် IUF ရဲဘော်များသည် ရန်ကုန်မြို့၌ ပြောက်ကျားစစ်ဆင်ရေးများ ဆက် လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

IUFအဖွဲ့၏ ရဲဘော် ၁၀ဦးကို ယခုလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက တယ်လီဂရမ်ချန်နယ်တွင် ယမန်နေ့ကစတင် ဖြန့်ဝေသည်။

သို့သော် အဆိုပါ ၁၀ဦးမှာ IUF ​၏ ရဲဘော်များမဟုတ်ဘဲ အခြားမသက်ဆိုင်သည့်သူများလည်း မှားယွင်းထည့်သွင်းထားကြောင်း ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းစေရန် အား ပေးခဲ့သည့် အငြိမ်းစားသံအမတ်ဟောင်း ဗိုလ်မှူးချုပ်အုန်းသွင်နှင့် လမ်းမတော်မြို့နယ်ဥက္ကဌ ဗိုလ်မှူးကုဋေဖြိုးအောင်တို့အား IUF အဖွဲ့ရဲဘော်များက သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်ကို စက်တင်ဘာ ၂၄ ရက်နှင့် ဧပြီ ၁၀ရက်တွင် လမ်းမတော်မြို့နယ်ဥက္ကဌ ဗိုလ်မှူးကုဋေဖြိုးအောင်တို့အား သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။