Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။

ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား
ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဗုံးဖောက်ခွဲမှုများရှိလာမည်ဟု သတင်းကြား၍ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က ကင်းပုန်းများအပြင် လုံခြုံရေးချထားကြောင်း ဒေသခံများက ပြောသည်။

ယခုလ နောက်ဆုံးပတ်ကစ၍ ဆိပ်ကမ်းတစ်ခုချင်းအလိုက် အင်အား ၂၀ခန့်ဖြင့် စစ်ကောင်စီတပ်ကလုံခြုံရေးယူထားပြီး အဆိုပါ အခြေအနေကို ဓာတ်ပုံရိုက်ခဲ့သူတစ်ဦးကိုပါ နှိပ်စက်ဖမ်းဆီးခဲ့ကြောင်းလည်း မျက်မြင်သိရှိသူများက ဆိုသည်။

“ဖြစ်တာ အခုလ ၂၈ ရက်လောက်က MIPထဲမှာ ဖြစ်တာ။မျက်ခွက်တွေကို စခ ငါးယောက်လောက်ဝိုင်းကန်တာ။ပြီးတော့ လက်တွေပါ ဖိနပ်တွေနဲ့ နင်းတယ်။ဓာတ်ပုံရိုက်တာ ဒီလက်လား ဆိုပြီး။အခုထိ သတင်းအစအနတော့ မရသေးဘူး”ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ကုန်သေတ္တာယာဥ်နှင့် ကုန်သေတ္တာများ စစ်ဆေးမှုအပါအဝင် ဆိပ်ကမ်းများအတွင်းသို့ လူအဝင်၊အထွက် တင်းကြပ်ထားသည်ဟုလည်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့်ချိတ်ဆက်လုပ်ကိုင် နေရသူတစ်ဦးကလည်း ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“သူတို့ပုံစံကြည့်ရတာ အတိအကျ ကြီးသတင်းတစ်ခု ရထားသလို စောင့်ကြည့်နေတာ။ပြီးတော့ တစ်ခုခု မသင်္ကာရင်လည်း လေး၊ငါး ယောက်လောက် စုပြုံစစ်နေတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။

လက်ရှိ ရန်ကုန်မြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ ထောက်တိုင်နေရာများကို ပစ်ခတ်ရှင်းလင်းခံရမှု နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်အချို့မှာလည်း ဖမ်းဆီးခံရမှုရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook