Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။

ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား
ရန်ကုန် ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဖောက်ခွဲမှုသတင်းကြား၍ဟုဆိုကာ စစ်ကောင်စီတပ် လုံခြုံရေးချထား

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းများတွင် ဗုံးဖောက်ခွဲမှုများရှိလာမည်ဟု သတင်းကြား၍ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က ကင်းပုန်းများအပြင် လုံခြုံရေးချထားကြောင်း ဒေသခံများက ပြောသည်။

ယခုလ နောက်ဆုံးပတ်ကစ၍ ဆိပ်ကမ်းတစ်ခုချင်းအလိုက် အင်အား ၂၀ခန့်ဖြင့် စစ်ကောင်စီတပ်ကလုံခြုံရေးယူထားပြီး အဆိုပါ အခြေအနေကို ဓာတ်ပုံရိုက်ခဲ့သူတစ်ဦးကိုပါ နှိပ်စက်ဖမ်းဆီးခဲ့ကြောင်းလည်း မျက်မြင်သိရှိသူများက ဆိုသည်။

“ဖြစ်တာ အခုလ ၂၈ ရက်လောက်က MIPထဲမှာ ဖြစ်တာ။မျက်ခွက်တွေကို စခ ငါးယောက်လောက်ဝိုင်းကန်တာ။ပြီးတော့ လက်တွေပါ ဖိနပ်တွေနဲ့ နင်းတယ်။ဓာတ်ပုံရိုက်တာ ဒီလက်လား ဆိုပြီး။အခုထိ သတင်းအစအနတော့ မရသေးဘူး”ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ကုန်သေတ္တာယာဥ်နှင့် ကုန်သေတ္တာများ စစ်ဆေးမှုအပါအဝင် ဆိပ်ကမ်းများအတွင်းသို့ လူအဝင်၊အထွက် တင်းကြပ်ထားသည်ဟုလည်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့်ချိတ်ဆက်လုပ်ကိုင် နေရသူတစ်ဦးကလည်း ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“သူတို့ပုံစံကြည့်ရတာ အတိအကျ ကြီးသတင်းတစ်ခု ရထားသလို စောင့်ကြည့်နေတာ။ပြီးတော့ တစ်ခုခု မသင်္ကာရင်လည်း လေး၊ငါး ယောက်လောက် စုပြုံစစ်နေတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။

လက်ရှိ ရန်ကုန်မြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ ထောက်တိုင်နေရာများကို ပစ်ခတ်ရှင်းလင်းခံရမှု နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်အချို့မှာလည်း ဖမ်းဆီးခံရမှုရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။