Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန် လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှား ငှားရမ်းအသုံးပြုနေ

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အာဖဂန်နစ္စတန် ကွန်မန်ဒို စစ်သားဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှားက ငှားရမ်း အသုံးပြုနေကြောင်း သိရပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန် စစ်သွေးကြွတွေ အာဏာရလာတဲ့ အချိန်မှာ အာဖဂန် တပ်ဖွဲ့ဝင် တော်တော်များများက ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အမေရိကန်က လေ့ကျင့်ပေးပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ပွဲဝင်ဖူးတဲ့ အထူးကွန်မန်ဒို တော်တော်များများလည်း အီရန်ကို ရောက်သွားပါတယ်။

အီရန်နဲ့ ရုရှားတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့နောက် အီရန်မှာ ခိုလှုံနေတဲ့ အဲဒီ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ရုရှားက ကြေးစားအဖြစ် ဆက်သွယ် ကမ်းလှမ်းလာခဲ့တာလို့ အာဖဂန် စစ်ဗိုလ်ချုပ်ဟောင်း ၃ ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်း စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေ ရှိနေပြီလို့လည်း သိရပါတယ်။ အမေရိကန်က စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေဟာ ရုရှားရဲ့ နိုင်ငံခြားသား ကြေးစား တပ်ဖွဲ့ (Wagner)ကို သွားရောက် ပူးပေါင်းကြရတာ ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ စစ်သားတွေကို လစာအဖြစ် ဒေါ်လာ ၁၅၀၀ ပေးအပ်ပြီး သူတို့နဲ့ မိသားစုကို အာဖဂန်ဆီ လုံးဝ ပြန်မပို့ဘဲ နေရေးထိုင်ရေး စီစဉ်ပေးမယ်လို့ မက်လုံးပေး အာမခံခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ အဲဒီကွန်မန်ဒို စစ်သားဟောင်းတွေက ယူကရိန်း စစ်ပွဲမှာ မပါချင်ကြကြောင်း၊ ဒါပေမဲ့ သူတို့မှာ တခြားရွေးချယ်စရာလည်း မရှိကြောင်း အာဖဂန် ဗိုလ်ချုပ်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ အက်ဘ်ဒူလ် ရော့ဖ် အာဂန်ဒီဝဲလ်က ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ တိတိကျကျ မပေးသေးပါဘူး။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ လေ့ကျင့်ပေးထားတဲ့ ကွန်မန်ဒိုတွေက ယူကရိန်းကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။