Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှား ငှားရမ်းအသုံးပြုနေ

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အာဖဂန်နစ္စတန် ကွန်မန်ဒို စစ်သားဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှားက ငှားရမ်း အသုံးပြုနေကြောင်း သိရပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန် စစ်သွေးကြွတွေ အာဏာရလာတဲ့ အချိန်မှာ အာဖဂန် တပ်ဖွဲ့ဝင် တော်တော်များများက ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အမေရိကန်က လေ့ကျင့်ပေးပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ပွဲဝင်ဖူးတဲ့ အထူးကွန်မန်ဒို တော်တော်များများလည်း အီရန်ကို ရောက်သွားပါတယ်။

အီရန်နဲ့ ရုရှားတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့နောက် အီရန်မှာ ခိုလှုံနေတဲ့ အဲဒီ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ရုရှားက ကြေးစားအဖြစ် ဆက်သွယ် ကမ်းလှမ်းလာခဲ့တာလို့ အာဖဂန် စစ်ဗိုလ်ချုပ်ဟောင်း ၃ ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်း စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေ ရှိနေပြီလို့လည်း သိရပါတယ်။ အမေရိကန်က စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေဟာ ရုရှားရဲ့ နိုင်ငံခြားသား ကြေးစား တပ်ဖွဲ့ (Wagner)ကို သွားရောက် ပူးပေါင်းကြရတာ ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ စစ်သားတွေကို လစာအဖြစ် ဒေါ်လာ ၁၅၀၀ ပေးအပ်ပြီး သူတို့နဲ့ မိသားစုကို အာဖဂန်ဆီ လုံးဝ ပြန်မပို့ဘဲ နေရေးထိုင်ရေး စီစဉ်ပေးမယ်လို့ မက်လုံးပေး အာမခံခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ အဲဒီကွန်မန်ဒို စစ်သားဟောင်းတွေက ယူကရိန်း စစ်ပွဲမှာ မပါချင်ကြကြောင်း၊ ဒါပေမဲ့ သူတို့မှာ တခြားရွေးချယ်စရာလည်း မရှိကြောင်း အာဖဂန် ဗိုလ်ချုပ်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ အက်ဘ်ဒူလ် ရော့ဖ် အာဂန်ဒီဝဲလ်က ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ တိတိကျကျ မပေးသေးပါဘူး။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ လေ့ကျင့်ပေးထားတဲ့ ကွန်မန်ဒိုတွေက ယူကရိန်းကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။