Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်

ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

'နန်းထိုက်အောင် စစ်ဆင်ရေး'အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်
'နန်းထိုက်အောင် စစ်ဆင်ရေး'အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ် ဆေးရေးဌာန(စသုံးလုံး)ရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF)က ပြောသည်။

ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ထိခိုက်မှုကတော့ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။ လုံခြုံရေးကြောင့် တိုက်ခိုက်မှုအပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်”ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်(PSTF)မှ တိုက်ခိုက်ရေးတာဂန်ခံရဲဘော်က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် စစ်ကောင်စီ​၏ စသုံးလုံးရုံးသည် ပုသိမ်မြို့ မြတ်တိုရုံးပေါင်းစုံလမ်း ခရိုင် မြို့နယ်တရားရုံးဘေး ၊ရဲစခန်းအရှေ့တွင် တည်ရှိပြီး စစ်ကောင်စီ၏ အဓိကထောက်တိုင်တစ်ခုလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

PSTF နှင့် တော်လှန်ရေးမဟာမိတ်များအနေဖြင့်ပုသိမ်မြို့၏စစ်ကောင်စီ ထောက်တိုင်များကို နေ့ ညခွဲခြား ခြင်းမပြုတော့ဘဲ ပြောက်ကျားနည်းဖြင့် တိုက် ခိုက်မည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စာများကို အထူးသတိပြု လိုက်နာကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။