Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး
မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

မန္တလေးမြို့နေ ပြည်သူများအနေဖြင့် တန်ဆောင်မုန်း လပြည့်နေ့တွင် လူစည်ကားရာနေရာများ ၊ အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့်ပျော်ပွဲ၊ရွှင်ပွဲများ မသွားကြရန်နှင့် ည ၈နာရီနောက်ပိုင်းအပြင် မထွက်ရန် People’s Defence Force Mandalay (MDY- PDF)က သတိပေးထုတ်ပြန်သည်။

“လက်ရှိမန္တလေး မြို့မှာ ပြည်သူတွေက တော်လှန် ရေးအပေါ် မသိလိုက်မသိဖာသာ နေတာတွေအရမ်းများလာတယ်ဗျ။တစ်နည်း ပြောရရင် ရေပေါ်စီတွေများလာတယ်။အခါကြီးရက်ကြီးတွေမှာ တစ်နိုင်ငံလုံးဘာမှ မဖြစ်သလိုနေနေကြတာက စကစရဲ့လိုချင်တဲ့ပုံစံဘဲဗျ။ ဒီကောင်တွေက ဒါတွေကို နိုင်ငံတကာချပြပြီး ဘာမှမဖြစ်သလိုနဲ့ သူတို့ဘဲ အုပ်ချုပ်နိုင်သလိုလို လုပ်ပြနေကြတာ။ဒါကိုကျွန်တော်တို့ပြည်သူတွေသိသိကြီးနဲ့ တစ်ရွာလုံး မီးရှို့ခံထားရတဲ့ ရွာတွေကိုမှမထောက်ဘဲ စည်ကားပြနေတာ ရှက်ဖို့အရမ်းကောင်းတယ်” ဟု MDY-PDF မှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး
မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

ထို့ကြောင့် တန်ဆောင်မုန်းလပြည့်တွင် မန္တလေးမြို့မှ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအပြင်မထွက်ဘဲ နေအိမ်၌သာနေရန် ၎င်းက မေတ္တာရပ်ခံသည်။

“တော်လှန်ရေးအစမှာ လမ်းပေါ်ထွက် လက်သုံးချောင်းစထောင်ခဲ့တဲ့မြို့က ဒီလောက်စိတ်ဓာတ် တွနေတာ မဖြစ်သင့်ဘူးဗျ အသိတရားရစေချင်ပြီ ပြန်ပြီး တော်လှန်ရေးမှာ ပါ၀င်ဖို့အချိန်တန်နေပြီလို့ထင်တယ်ဗျ။မနက်ဖြန်ကို ဖြစ်နိုင်ရင် Stay Home စေချင်တယ်ဗျာ။အဲ့လောက်မဖြစ်ရင်တောင် အနဲဆုံးလမ်းတွေပေါ်မစည်နေရင်‌ကျေ နပ်ပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့အကြိမ်ကြိမ် သတိပေးတယ်ဆိုတာ ပြည်သူအပေါ်ကိုလေးစားချစ်ခင်ပြီး မိဘလိုသဘောထားတာကြောင့်ပါ မနက်ဖြန်မှမဟုတ်ပါဘူး အချိန်တိုင်းနေ့ရက်တိုင်း တော်လှန်ရေးမပြီးသ၍ ဒီကောင်တွေအနားမကပ်တာအကောင်းဆုံးပါဘဲလို့ သတိပေးချင်ပါတယ်။ နောက်ပြီး UG အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကိုလဲ အလေးထားစေချင်ပါတယ်။ ဘာလို့ဆို အခုလိုကြိုတင်သတိပေးပြီး Mission တွေဖော်ဆောင်ရတာ ဘယ်လောက် အန္တရယ်များပြီးခက်ခဲတယ်ဆိုတာပြည်သူတွေအနေနဲ့သိစေချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်ရက်ကလည်း မန္တလေးမြို့မှ ဘားများအနေဖြင့် ယခုရက်ပိုင်းအတွင်း ပွဲများမပြုလုပ်ရန် Anonymous Force MDY အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဘားနှင့် နှိုက်ကလပ်များကိုလည်း တန်ဆောင်မုန်းလပြည့်၌ ပွဲများမပြုလုပ်ရန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Facebook