Connect with us

Hi, what are you looking for?

သတင်း

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF
ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF

ထီးလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ များကို ဒုတိယအကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ယနေ့(နိုဝင်ဘာ ၇ရက်) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် နှင့် ပျူစောထီးအင်အား ၁၀၀ ကျော်က ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီးမြို့နယ်အတွင်း၌ စစ်ရှောင်အများအပြားရှိလာသည်ဟုဆိုသည်။

စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုများ၊ လေဖြတ်ထားသောလူနာများ၊ ကလေးသူငယ် များ၊မွေးကင်းစကလေးလေးများမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာသူများပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားလာ၍ ထီးလင်း PDF ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ပြုလုပ်ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထိုသို့ ကုသမှုပေးရာ၌ စစ်ဘေးရှောင် လူနာဦးရေ ၅၀၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ - ထီးလင်း PDF
ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ – ထီးလင်း PDF

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ထီးလင်း PDF ဆေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရန်အားနည်းပြီး ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက် ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ကူညီပေးနေသော်လည်း ငွေအင်အား ဆေးအင်အား နည်းပါးသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် ဆေးဝါးအလှူ၊ ဆေးဝယ်ယူရန် အလှူငွေများ ထည့်ဝင်နိုင်ကြောင်း ထီးလင်း PDFက အသိပေးထားသည်။

ထီးလင်း PDF ဆေးအဖွဲ့က စစ်ရှောင်များအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်၊ ဓာတ်ပုံ – ထီးလင်း PDF

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။