Connect with us

Hi, what are you looking for?

သတင်း

AAနှင့် စစ်ကောင်စီတပ် နိုဝင်ဘာ ၈ရက်က နပခတိုင်း ဌာနချုပ်နယ်မြေအပါအဝင် နေရာ ၅နေရာ၌တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ မင်းပြားမြို့နယ် မောင်တောမြို့နယ်နှင့် ပလက်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။

(တိုက်ပွဲဖြစ်ရာပြ​မြေပုံနှင့်AA ကစစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ။ဓါတ်ပုံ-AA)
(တိုက်ပွဲဖြစ်ရာပြ​မြေပုံနှင့်AA ကစစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ။ဓါတ်ပုံ-AA)

▪︎စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေပြီး လက်နက်ခဲယမ်းအချို့ရဟု AA ထုတ်ပြန်

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ရက်နေ့က တစ်ရက်တည်း ၅နေရာ ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ မင်းပြားမြို့နယ် မောင်တောမြို့နယ်နှင့် ပလက်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက် ၁မိုင်ခန့်အကွာ၌ တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော (၁) စီး နှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ် (၁) စီးအား နေရာ (၂) ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

ဇက်သင်္ဘောအား ကြီးကြီးမားမားထိရောက်မှုမရှိခဲ့သော်လည်း ဇက်သင်္ဘော ပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲဖြစ်ရာပြ​မြေပုံနှင့်AA ကစစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ။ဓါတ်ပုံ-AA)
(တိုက်ပွဲဖြစ်ရာပြ​မြေပုံနှင့်AA ကစစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ။ဓါတ်ပုံ-AA)

အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ၏ အနောက်တောင်ဖက် ၂မိုင်ခန့်အကွာရှိ AA တပ်ဖွဲ့များ ရှိရာသို့ စစ်ကောင်စီတပ်က ဝင်ရောက်လာခြင်းကြောင့်လည်း နိုဝင်ဘာ ၈ရက်နေ့လည်ပိုင်း၌ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ညနေပိုင်းတွင်လည်း အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဖက် မီတာ ၅၀၀ ကျော်အကွာတွင်လည်း စစ်ကောင်စီ၏ ခမရ ၃၀၈ /၃၅၄ ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာ၏ အရှေ့မြောက်ဖက် တွင် စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းက AA တပ်ရှိရာသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌လည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၁၀) ဦးခန့်နှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း၊ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏မြောက်ဖက်ရှိ ယိုးချောင်းဗျူဟာကုန်း နှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာ၏ အနောက်မြောက်ဖက်ရှိ စွိချောင်းဗျူဟာကုန်းများမှနေ၍ လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook