Connect with us

Hi, what are you looking for?

News

တိုက်ပွဲများလျှော့ချရပ်တန့်ရေးဆောင်ရွက်ရန် ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ထုတ်ပြန်

ယခုထက်ပိုမိုသောစစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားရမည့်အရေးကို ရှောင်လွှဲနိုင်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိ အစုအဖွဲ့များ အားလုံး စဉ်းစားအဖြေရှာ ဆောင် ရွက်သင့်ကြောင်း ထောက်ပြလိုသည်ဟု လက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်သည်။

Covid19 ကပ်ရောဂါ အန္တရာယ် ရင်ဆိုင်နေရသည့် ပြည်သူလူထုများ စစ်ဘေးဘဏ်မခံစားကြစေရန်အ တွက် စစ်ရေးလှုပ်ရှားခြင်းများ အတက်နိုင်ဆုံး လျှော့ချ၊ ရှောင်ကြဉ်၊ ရပ်တန့်ရန် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့များ အားလုံးကို တိုက်တွန်းနိုးဆော်ကောင်း ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်သုံးဖွဲ့က သဘောထားထုတ်ပြန်သည်။

ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA) သုံးဖွဲ့၏ ကြေညာချက်တွင် COVID-19 ကပ်ရောဂါကို တစ်နိုင်ငံလုံးရှိ ပြည်သူများ ဆိုးရွားစွာ ခံစားနေရခြင်းနှင့်အတူ မြန်မာပြည်အနှံ့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ မြို့ပြပြောက်ကျား တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်၏ ရိုက်ခက်မှု၊ နောက်ဆက်တွဲ များကို ဆိုးရွားစွာ ကြုံတွေ့လျက်ရှိနေဟု ဖော်ပြထားသည်။

စစ်တပ်က ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်ချေမှုန်းသည့် လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမသွေ ဖော်ဆောင်လာသည့် အစုအဖွဲ့များ ပြည်နယ်၊ တိုင်းအနှံ့ တိုးများလာခဲ့ကြောင်း၊ တိုက်ပွဲများ နေ့တိုင်းနီးပါးဖြစ်ပွားကာ ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်နေကြောင်း လက်နက်ကိုင် သုံးဖွဲ့က ထုတ်ပြန်သည်။

ကယား၊ ချင်း၊ ကချင်၊ ကရင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင်၊ ရှမ်း အစရှိသော ဒေသများနှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊တနင်္သာရီ အစရှိသော ဒေသများသို့ စစ်ကောင်စီတပ်က စစ်အင်အားများ တိုးမြှင့်ခြင်း၊ ပိုမိုလှုပ်ရှားခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်း ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းတို့ကို စစ်ကောင်စီတပ်က ဆက်လက်လုပ်ဆောင်လျက် ရှိနေသောကြောင့် အဆိုပါဒေသများ၌ တိုက်ပွဲများ ဆက်လက်တိုးပွားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါ တတိယလှိုင်း၌ ရောဂါကူးစက်ခံရမှုနှုန်း၊သေဆုံးမှုနှုန်းများကို အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးသင့်သူများအားလုံး အချိန်မီ ထိုးနှံနိုင်ရန် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့ကိုဗစ်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် မြန်မာပြည်အနှံ့ဖြစ်နေသည့်တိုက်ပွဲများကို လက်တွေ့ကျကျ လျှော့ချနိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုထက်ပိုမိုသောစစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားရမည့်အရေးကို ရှောင်လွှဲနိုင်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိ အစုအဖွဲ့များ အားလုံး စဉ်းစားအဖြေရှာ ဆောင် ရွက်သင့်ကြောင်း ထောက်ပြလိုသည်ဟု လက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ လက်နက်ကိုင်သုံးဖွဲ့အနက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုးကန့်အဖွဲ့တစ်ခုသာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိပြီး TNLAနှင့် AA တို့မှာ တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။