Connect with us

Hi, what are you looking for?

ဗီဒီယို

ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၁ ရက်က သေဆုံးမသွားခင် တစ်ရက်အလိုမှာ ယွန်ဆန် ရဲစခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး
ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး

ဆိုးလ်မြို့တော်က ဟောလိုဝင်းပါတီ ဖြစ်ရပ်ဆိုးနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ တောင်ကိုရီးယား ရဲအရာရှိ တစ်ဦး ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် ရဲစုံထောက် အကြီးအကဲတစ်ဦး သေဆုံးတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်ပေမယ့် ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံသွားတာလို့ ယုံကြည်ရကြောင်း သတင်းတချို့က ဖော်ပြပါတယ်။ သေဆုံးသူရဲ့ နာမည်ကို အပြည့်အစုံ မသိရဘဲ ယွန်ဆန် ရဲစခန်းက မျိုးရိုးနာမည် ဂျောင်ဆိုတဲ့ ရဲစုံထောက် အကြီးအကဲလို့ပဲ ယွန်ဟပ် သတင်းဌာနက ရေးသားထားပါတယ်။

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၁ ရက်က သေဆုံးမသွားခင် တစ်ရက်အလိုမှာ ယွန်ဆန် ရဲစခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ ဟောလိုဝင်း ပါတီပွဲ တစ်ခုမှာ လူတွေ တိုးဝှေ့ ပိမိရင်း ၁၅၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် နောက်ဆက်တွဲ ရဲတပ်ဖွဲ့ရဲ့ ပေါ့လျော့မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရသူ တစ်ဦးပါ။ နောက်ပြီး ပြဿနာ တက်လာချိန်မှာ ဂျောင်က အရေးကြီးတဲ့ လုံခြုံရေး မှတ်တမ်းဆိုင်ရာ အစီရင်ခံစာတွေကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ်ထယ်ဝန် ရပ်ကွက်မှာ ဟောလိုဝင်းပါတီ လာရောက်သူတွေ သိန်းနဲ့ချီ များပြားလာတဲ့နောက် ရဲဌာနတွေဆီ ဆက်သွယ် တိုင်တန်းမှုတွေ ရှိခဲ့ပေမယ့် ရဲတွေရဲ့ တုံ့ပြန် အရေးယူမှု အားနည်းလွန်းခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။ ပြီးတော့ သမ္မတ ယွန်ဆွတ်ခ်ယိုလ် ကိုယ်တိုင်လည်း ဒီဖြစ်စဉ်မှာ အာဏာပိုင်တွေဖက်က တုံ့ပြန်ပုံ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဝန်ခံထားပါတယ်။

တောင်ကိုရီးယား ရဲချုပ် ယွန်ဟီကွမ် ကိုယ်တိုင်က ယွန်ဆန် ရဲစခန်းရဲ့ ရဲစုံထောက် အကြီးအကဲဟာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရာမှာ အချက်အလက် မှတ်တမ်းတွေကို ဖျောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး လွှတ်တော်အမတ် တချို့က ဂျောင်ကို ဖမ်းဆီး တရားစွဲဆိုဖို့ပါ ဖိအားပေးနေကြပါတယ်။

ဂျောင်ဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှု၊ လူ့အသက်တွေ ဆုံးရှုံးတဲ့ထိ ပေါ့ဆမှုတွေနဲ့ အမှုရင်ဆိုင်ရမယ့် အခြေအနေမျိုးမှာ ရုတ်တရက် သေဆုံးသွားခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။