Connect with us

Hi, what are you looking for?

သတင်း

သီမြစ်​ချောင်းအနီးတိုက်ပွဲစစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ ချင်းတပ်ဖွဲ့ သိမ်းဆည်းရရှိ

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ် ဟားခါးနှင့်ထန်တလန်မြို့ကြားသီမြစ်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ယမန်​နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ထံမှလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်းချင်းပြည်ကာကွယ်ရေးတပ်များထံမှသိရသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များမှာ MA1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊စက်လက်( Machine Gun)တစ်လက်နှင့် ကျည်ဆံ တစ်ထောင်ကျော် သိမ်းဆည်းရမိသည်ဟု ဒေသတွင်းသတင်းဌာနများကဖော်ပြသည်။ စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအဖြစ် ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး ဟားခါးမြို့ပေါ်တွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့များက​ပြောသည်။

Public Service Announcement

Public Service Announcement

သစ်မြစ်ချောင်းတဝှိုက်တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်တို့ကြား လွန့်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကတည်းကတိုက်ပွဲများပြန်လည်ပြင်းထန်လာနေခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး( CNF)က ယမန့်နှစ်ကတည်း ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားဆက်သွယ်ထားသည် သီမြစ်ချောင်းကူးတံတားကိုဖြတ်တောက်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။