Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ ကျွန်းလှမြို့နယ် ခဝါသည်ရွာမှ နေအိမ် ၉၀ခန့် ပြာကျ

စစ်ကောင်စီတပ်က ကျေးရွာများမီးရှို့ခြင်းအပြင် မိုင်းများ ထောင်ထားလေ့ရှိ၍ ပြည်သူလူထုများ လတ်တလောတွင် ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

(စစ်​ကောင်စီတပ် မီးရှို့မှု​ကြောင့် မီး​လောင်ပြာကျသွား​သော ခဝါသည်​ကျေးရွာမှ ​နေအိမ်များ၊ဓာတ်ပုံ - InfinityGroup)
(စစ်​ကောင်စီတပ် မီးရှို့မှု​ကြောင့် မီး​လောင်ပြာကျသွား​သော ခဝါသည်​ကျေးရွာမှ ​နေအိမ်များ၊ဓာတ်ပုံ - InfinityGroup)

▪️ကန့်ဘလူနယ် ကျီစုရွာနှင့် ကျောက်တိုင်ရွာကို စစ်ကောင်စီ ယနေ့မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ခဝါသည်ရွာအားအကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက ယမန်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၉၀ခန့် ပြာကျသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

စစ်တပ်လက်အောက်ခံ ခမရ(၃၆၁)၊ခမရ(၃၆၉) ပူးပေါင်းစစ်ကြောင်းက နိုဝင်ဘာ၂၁ ရက်တွင် အိမ်ခြေ ၁၃၅လုံးရှိသော ခဝါသည်ကျေးရွာအား နှစ်ကြိမ်ဆက်မီးတင်ရှို့ခဲ့ရာ နေအိမ်ပေါင်း ၉၀ ခန့် ပြာကျခဲ့သည်ဟု ဒေသတွင်းသတင်းများဖော်ပြပေးနေသည့် Infinity Groupက ဖော်ပြသည်။

(စစ်​ကောင်စီတပ် မီးရှို့မှု​ကြောင့် မီး​လောင်ပြာကျသွား​သော ခဝါသည်​ကျေးရွာမှ ​နေအိမ်များ၊ဓာတ်ပုံ - InfinityGroup)
(စစ်​ကောင်စီတပ် မီးရှို့မှု​ကြောင့် မီး​လောင်ပြာကျသွား​သော ခဝါသည်​ကျေးရွာမှ ​နေအိမ်များ၊ဓာတ်ပုံ – InfinityGroup)

အဆိုပါ စစ်ကောင်စီ၏ပူးပေါင်းစစ်ကြောင်းသည် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာ သဖန်းဆိပ်ဆည် အနောက်ခြမ်းဒေသဖြစ်သော ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ အင်တိုင်း၊ညောင်ကိုင်း၊ကနီ၊သရက်တထောင်၊မြင်သာ၊ပေါယော၊စစ်တော၊ခဝါသည်နှင့်နနွင်းတောကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ခဝါသည်ရွာမှ နေအိမ်များ မီးရှို့ခံရခြင်းအပြင် စစ်ကောင်စီတပ်သည် ပြည်သူပိုင် နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ကျေးရွာများမီးရှို့ခြင်းအပြင် မိုင်းများ ထောင်ထားလေ့ရှိ၍ ပြည်သူလူထုများ လတ်တလောတွင် ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၂ရက်တွင်လည်း ကန့်ဘလူမြို့နယ် ကျောက်တိုင် ကျေးရွာနှင့် ကျီစုရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ကျေးရွာများ၌ နေအိမ်မည်မျှ မီးလောင်ပျက်စီးခဲ့သည်ကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်၏ ထိုးစစ်နှင့် ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမီးရှို့ခြင်းတို့ကြောင့် ဒေသတွင်းရှိ ကျေးရွာအများအပြားမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook