Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် ပင်စိမ်းကင်းရွာတိုက်ပွဲ စစ်ကောင်စီတ​ပ်အထိနာဟုဆို

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ဆင်​ရေးတစ်ခုတွင်​တွေ့ရ​သော ​ဒေသခံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- KURDAF)
(စစ်ဆင်​ရေးတစ်ခုတွင်​တွေ့ရ​သော ​ဒေသခံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- KURDAF)

▪️စစ်အုပ်စု၏လက်နက်ကြီးကျည်ထိ၍ ပြည်သူနှစ် ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးပြီး ၎င်းတို့ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ ညပိုင်းက ကျောက်တိုင် နှင့် ကျီစုကျေးရွာများအား မီးရှို့ပြီး ယာယီညအိပ်နေသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများအား မီးထပ်ရှို့ပြီး ပင်စိမ်းကင်းရွာဟောင်းဘက်ဦးတည်၍ မုံလှကျေးရွာသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် စစ်အုပ်စုမှာ မိုင်းအပြင်းအထန်ထိကာ ကာကွယ်ရေးအဖွဲ့များနှင့် ထိပ်တိုက်ပစ်ခတ်မှု အချိန် အနည်းကြာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးနိုင်ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအချိန်တွင် ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကား နှစ်စီးသည် မုံလှကျေးရွာဘက်ကို လက်နက်ကြီး ကူပစ်ခဲ့၍ ဒေသခံပြည်သူ နှစ်ဦးသေ​​ဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ ပစ်ခတ်ခံခဲ့ရသည်။

​​​ညနေ ၃နာရီကျော်တွင် ရဟတ်ယာဥ် ပြန်ဆုတ်သွားပြီး စစ်အုပ်စုက မုံလှကျေးရွာအတွင်းသို့ ရောက်ရှိလာ၍ ကာကွယ်ရေးအဖွဲ့များနောက်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။

စစ်အုပ်စုသည် မုံလှကျေးရွာအား မီးရှို့ခဲ့ကြပြီးယနေ့ညပိုင်းအထိ မုံလှရွာတွင် ယာယီညအိပ် စခန်းချခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ယနေ့ယနေ့ညနေ ၅နာရီ ခွဲခန့်တွင် ဗအိုးကျေးရွာသို့ ဝင်ရောက်လာ၍ ပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီအထိ ရှိနေကာ အကူညီများလည်း အရေးပေါ် လိုအပ်နေကြောင်း၊ စစ်ရှောင်များအား နီးစပ်ရာရွာများက အကူအညီပေးကြရန်နှင့် စစ်ကြောင်းတလျှောက်ရှိ ကျေးရွာများမှာ စစ်အုပ်စုနှင့်ဝေးရာသို့ ရှောင်တိမ်းကြရန် KURDAFအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။