Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် ပင်စိမ်းကင်းရွာတိုက်ပွဲ စစ်ကောင်စီတ​ပ်အထိနာဟုဆို

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ဆင်​ရေးတစ်ခုတွင်​တွေ့ရ​သော ​ဒေသခံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- KURDAF)
(စစ်ဆင်​ရေးတစ်ခုတွင်​တွေ့ရ​သော ​ဒေသခံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- KURDAF)

▪️စစ်အုပ်စု၏လက်နက်ကြီးကျည်ထိ၍ ပြည်သူနှစ် ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးပြီး ၎င်းတို့ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ ညပိုင်းက ကျောက်တိုင် နှင့် ကျီစုကျေးရွာများအား မီးရှို့ပြီး ယာယီညအိပ်နေသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများအား မီးထပ်ရှို့ပြီး ပင်စိမ်းကင်းရွာဟောင်းဘက်ဦးတည်၍ မုံလှကျေးရွာသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် စစ်အုပ်စုမှာ မိုင်းအပြင်းအထန်ထိကာ ကာကွယ်ရေးအဖွဲ့များနှင့် ထိပ်တိုက်ပစ်ခတ်မှု အချိန် အနည်းကြာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးနိုင်ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအချိန်တွင် ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကား နှစ်စီးသည် မုံလှကျေးရွာဘက်ကို လက်နက်ကြီး ကူပစ်ခဲ့၍ ဒေသခံပြည်သူ နှစ်ဦးသေ​​ဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ ပစ်ခတ်ခံခဲ့ရသည်။

​​​ညနေ ၃နာရီကျော်တွင် ရဟတ်ယာဥ် ပြန်ဆုတ်သွားပြီး စစ်အုပ်စုက မုံလှကျေးရွာအတွင်းသို့ ရောက်ရှိလာ၍ ကာကွယ်ရေးအဖွဲ့များနောက်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။

စစ်အုပ်စုသည် မုံလှကျေးရွာအား မီးရှို့ခဲ့ကြပြီးယနေ့ညပိုင်းအထိ မုံလှရွာတွင် ယာယီညအိပ် စခန်းချခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ယနေ့ယနေ့ညနေ ၅နာရီ ခွဲခန့်တွင် ဗအိုးကျေးရွာသို့ ဝင်ရောက်လာ၍ ပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီအထိ ရှိနေကာ အကူညီများလည်း အရေးပေါ် လိုအပ်နေကြောင်း၊ စစ်ရှောင်များအား နီးစပ်ရာရွာများက အကူအညီပေးကြရန်နှင့် စစ်ကြောင်းတလျှောက်ရှိ ကျေးရွာများမှာ စစ်အုပ်စုနှင့်ဝေးရာသို့ ရှောင်တိမ်းကြရန် KURDAFအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။