Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် ပင်စိမ်းကင်းရွာတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဥ်ကတွေ့ရသည့် ရဟတ်ယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj
စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဥ်ကတွေ့ရသည့် ရဟတ်ယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj

▪️စစ်အုပ်စု၏ လက်နက်ကြီးမှန်၍ ပြည်သူတစ်ဦးသေဆုံး၊ စစ်အုပ်စုက မုံလှရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် က အထိအခိုက်များကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိပြီး တော်လှန် ရေးရဲဘော်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း Spring Specisl Task Force-MRDAခွဲ K.Uအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် မွန်းလွဲ ၂နာရီခန့်တွင် ပင်စိမ်းကင်းကျေးရွာနှင့် မုံလှကျေးရွာအနီးတဝိုက်သို့ မုံရွာ (နမခ) မှMI35 ရဟတ်ယာဥ်နှင့်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် ညနေ ၃နာရီ မိနစ်၄၀ခန့်တွင် မုံလှရွာအတွင်းသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း SSTFအဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပြီး စခ များ အကျဆုံး များတယ်လို့ သိရပါတယ်။ အရေအတွက်မသိရသေးပါဘူး ။ဒေသခံ တော်လှန်ရေး ရဲဘော်များလည်း ထိခိုက်မှု၊ကျဆုံးမှု အနည်းငယ် ရှိနိုင်ပါတယ်။ နောက်တစ်ကြိမ် ထပ်မံပစ်ခတ်မှာ စိုးလို့ မြေပြင် အသေးစိတ် အချက်အလက်များ မသိရသေးပါ ဘူး”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့မွန်းလွဲ ၂နာရီခန့်က မုံရွာ(နမခ)မှ တက်လာသော Mi-35တစ်စီးသည် ခင်ဦးမြို့နယ် မုံလှ၊ သာဝတ္ထိ၊ ပင်စိမ်းကင်းစသည့် ကျေးရွာများတဝိုက်၌ လေကြောင်းပစ်ခတ်မှု ၁နာရီခန့် ပြုလုပ် သွားပြီး ပြည်သူနှစ်ဦးထက်မနည်း ထိမှန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။