Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် မုံလှရွာတွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် သာသနိကအဆောက်အအုံများပါ ပျက်စီး

အဆိုပါ ကျေးရွာနှစ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ တိုက်ခိုက်စစ်ကြောင်းထိုးခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ပြီးနောက် KURADFက နှစ်ကြိမ်တိုင်တိုင် ပေးပိုခဲ့သော အခင်းမိုးကာများကိုပါ ထပ်မံဖျက်ဆီးမီးရှို့သွားကြောင်း ၎င်းအဖွဲ့က ပြောသည်။

(ခင်ဦးမြို့နယ် မုံလှရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနှင့် မီးရှို့ဖျက် ဆီးမှုကြောင့်ပျက်စီးသွားသော သာသနိကအဆောက်အအုံများနှင့် လူနေအိမ်များ၊ ဓာတ်ပုံ-KURDAF)
(ခင်ဦးမြို့နယ် မုံလှရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနှင့် မီးရှို့ဖျက် ဆီးမှုကြောင့်ပျက်စီးသွားသော သာသနိကအဆောက်အအုံများနှင့် လူနေအိမ်များ၊ ဓာတ်ပုံ-KURDAF)

▪️လူနေအိမ် ၉၀ကျော်ပြာကျ၊ PDF ရှစ်ဦးနှင့် ပြည်သူ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်အပါအဝင် လူနေအိမ်များအပြင် ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများပါ ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၂၄ရက်က လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခံခဲ့ရသည့် မုံလှရွာတွင် ပြည်သူ့နေအိမ်များ ၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၊ စာသင် ကျောင်းများကိုပါ စစ်ကောင်စီတပ်က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်ဒေသခံကာကွယ် ရေးမဟာမိတ်အင်အားစု(KURADF)အဖွဲ့တာဝန်ခံက ပြောသည်။

မုံလှကျေးရွာ အရှေ့ဘက်ကမ်းရှိ ဘုန်းတော်ကြီးကျောင်း၊ မြောက်ပိုင်းရှိ ရွှေစည်းခုံဘုရားဝင်းအတွင်းတန်ဆောင်း၊ မုံလှ အ.ထ.က သပြေ (၂)ထပ်စာသင်ကျောင်းဆောင် ၊မုံလှကျေးရွာ အတွင်းရှိ လျှပ်စစ်ထရန်စဖော်မာတို့ကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း KURADF အဖွဲ့က ပြောသည်။

“ထိချက်တွေက ရဟတ်ယာဉ်နဲ့ ပစ်တာတွေ။ အခုပို့လိုက်တဲ့ ဓာတ်ပုံက စေတီ ပျက်စီး၊ တန်ဆောင်း ပျက်စီးတာတွေ။ စာသင်ကျောင်းတို့၊ ဘုန်းကြီး ကျောင်းတို့တွေလည်း ထိတယ်”ဟု KURADF အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုနေ့က စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ပင်စိမ်းကင်းရွာမှ ခင်ဦးမြို့နယ်၊ မုံလှရွာသို့ မြေပြင်စစ်ကြောင်းနှင့် Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူနှစ်ဦး ၊ PDF ရဲဘော်ရှစ်ဦးတို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရ ပြည်သူနှင့် ရဲဘော် ၁၄ဦးတို့ရှိခဲ့ကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURADF အဖွဲ့က ပြောသည်။

ထို့အပြင် မီးရှို့ခံရသည့် အိမ်‌ခြေစုစုပေါင်း (၉၃) လုံးပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်များအပြင် ဆိုင်ကယ်အစီး (၃၀)၊ လူမှုကူညီရေးအသင်းကား (၂)စီးပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း KURADF အဖွဲ့က ပြောသည်။

စစ်ကောင်စီတ​ပ်က ထိုနေ့မတိုင်မီတစ်ရက် နိုဝင် ဘာ ၂၃ ရက်တွင် ကန့်ဘလူမြို့နယ် ကျီစုရွာနှင့် ကျောက်တိုင်ကျေးရွာတို့ကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သည်။

ကျီစုကျေးရွာ အိမ်ခြေ ၁၀၀ကျော်နှင့် ကျောက်တိုင် ရွာ၌ ဘုန်းကြီးကျောင်းအပါအဝင် ၁၈၀လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ ကျေးရွာနှစ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ တိုက်ခိုက်စစ်ကြောင်းထိုးခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ပြီးနောက် KURADFက နှစ်ကြိမ်တိုင်တိုင် ပေးပိုခဲ့သော အခင်းမိုးကာများကိုပါ ထပ်မံဖျက်ဆီးမီးရှို့သွားကြောင်း ၎င်းအဖွဲ့က ပြောသည်။

ခင်ဦးနယ်တွင် စစ်ဘေးရှောင်၊ မီးဘေးဒုက္ခသည် ပေါင်း ၂၀,၀၀၀နှင့် အထက်ရှိပြီး မီးရှို့ခံရသည့် ကျေးရွာပေါင်း ၅၀ကျော်နှင့် လူနေအိမ် ၂,၂၀၀ နီးပါးမီးရှို့ဖျက်ဆီးခံထားရကြောင်း၊ ဆောင်းတွင်းကာလရောက်နေပြီးဖြစ်တာကြောင့် အအေးဒဏ်အတွက် စောင်အနွေးထည်၊ ဆေးဝါးနှင့် အစားအသောက်များ ကူညီပေးကြပါရန် KURDAFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook