Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားခဲ့၍ ပြည်သူများသတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့များ သတိပေး

ယာဥ်များအတွက် ခင်ဦး – ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အများပြည်သူသွားလာရာလမ်းများ၌ မြေမြှုပ်နင်းမိုင်းများထောင်ထားခဲ့၍ ပြည်သူများသတိပြုသွားလာကြရန် နယ်မြေခံ တော်လှန်ရေးအဖွဲ့သားများက သတိပေးသည်။

ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်)က ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများဖြစ်သော ခင်ဦး – ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း) ခင်ဦး – ရေဦး လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်က ကင်းထောက်ကင်းပုန်းများ နေရာအသီးသီးခွဲ၍ ချထားခဲ့သည်။

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းက ရွှေဘိုလေ့ကျင့်ရေး(၈) မြောက်ဘက်၊ ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီး၌ မြေမြှုပ်နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ အဆိုပါ မြေမြှုပ်နင်းမိုင်းနင်းမိ၍ နွားတစ်ကောင် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်းတို့၏ ဝဲယာအနီး ဖြတ်သန်းခြင်း မပြုလုပ်ကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ယာဥ်များအတွက် ခင်ဦး – ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

ယမန်နေ့ကလည်း ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံရောက်ရှိနေသော စစ်ကောင်စီတပ်က ရွှေဘို – မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသော ယာဥ်များအား တစ်စီးလျှင် ကျပ်တစ်သိန်း အဓမ္မတောင်းယူနေ၍ ခရီးသွားများအနေဖြင့် သတိထားရှောင်ကွင်းသွားလာကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။