Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားခဲ့၍ ပြည်သူများသတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့များ သတိပေး

ယာဥ်များအတွက် ခင်ဦး – ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အများပြည်သူသွားလာရာလမ်းများ၌ မြေမြှုပ်နင်းမိုင်းများထောင်ထားခဲ့၍ ပြည်သူများသတိပြုသွားလာကြရန် နယ်မြေခံ တော်လှန်ရေးအဖွဲ့သားများက သတိပေးသည်။

ယမန်နေ့(နိုဝင်ဘာ ၂၆ ရက်)က ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများဖြစ်သော ခင်ဦး – ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း) ခင်ဦး – ရေဦး လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်က ကင်းထောက်ကင်းပုန်းများ နေရာအသီးသီးခွဲ၍ ချထားခဲ့သည်။

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းက ရွှေဘိုလေ့ကျင့်ရေး(၈) မြောက်ဘက်၊ ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီး၌ မြေမြှုပ်နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ အဆိုပါ မြေမြှုပ်နင်းမိုင်းနင်းမိ၍ နွားတစ်ကောင် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်းတို့၏ ဝဲယာအနီး ဖြတ်သန်းခြင်း မပြုလုပ်ကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်၊ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ယာဥ်များအတွက် ခင်ဦး – ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

ယမန်နေ့ကလည်း ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံရောက်ရှိနေသော စစ်ကောင်စီတပ်က ရွှေဘို – မြစ်ကြီးနားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသော ယာဥ်များအား တစ်စီးလျှင် ကျပ်တစ်သိန်း အဓမ္မတောင်းယူနေ၍ ခရီးသွားများအနေဖြင့် သတိထားရှောင်ကွင်းသွားလာကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။