Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်း စိုင်နိုင်ကွေ့၌ စစ်အုပ်စုအား မိုင်းခွဲတိုက်ခိုက်

ဝက်လက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်နှင့် လှတောကျေးရွာကြား ရွှေဘို – မန္တလေး လမ်းမကြီးဘေးရှိ ကျေးရွာများအား အင်အားများဖြန့်ကာ ရွာစဉ်ပတ်မွှေနှောက်နေပြီး တော်လှန်ရေး အင်အားစုများနှင့် နေရာစိတ်စိတ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

မိုင်းထိခဲ့သည့်နေရာအနီး၌ တွေ့ရှိရသော စစ်ကောင်စီတပ်၏ ယူနီဖောင်းအချို့၊ ဓာတ်ပုံ-ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
မိုင်းထိခဲ့သည့်နေရာအနီး၌ တွေ့ရှိရသော စစ်ကောင်စီတပ်၏ ယူနီဖောင်းအချို့၊ ဓာတ်ပုံ-ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Phoenix People’s Defense Force(ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၏ တာဝန်ရှိသူ ဗိုလ်သာဂိက ပြောသည်။

နိုဝင်ဘာ ၂၈ ရက်က ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းရှိ စိုင်နိုင်ကွေ့ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ဇာမဏီပြည်သူ့ကာကွယ်တပ်ဖွဲ့နှင့် နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ သုံးကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ဗိုလ်သာဂိက ပြောသည်။

“ခြေလျင်စစ်ကြောင်းဖြစ်တဲ့အတွက် မိုင်း သုံးလုံးမှာ တစ်လုံးနဲ့တစ်လုံး မိနစ် ၂ဝနာရီဝက်ခန့်တော့ ခြားပါတယ်”ဟု ဗိုလ်သာဂိက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်တွင် အခင်းဖြစ်နေရာအား နယ်မြေဝင်ရောက်ရှင်းလင်းစဉ် သေဆုံးစစ်ကောင်စီတပ်သားများ၏ ဝတ်စုံများကိုတွေ့ရကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဝက်လက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်နှင့် လှတောကျေးရွာကြား ရွှေဘို – မန္တလေး လမ်းမကြီးဘေးရှိ ကျေးရွာများအား အင်အားများဖြန့်ကာ ရွာစဉ်ပတ်မွှေနှောက်နေပြီး တော်လှန်ရေး အင်အားစုများနှင့် နေရာစိတ်စိတ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ရွှေဘို – စစ်ကိုင်း လမ်းမကြီးအား အသုံးမပြုသေးရန်လည်း ဒေသတွင်းPDFများက မေတ္တာရပ်ခံထားသည်။ ဝက်လက်မြို့နယ်အနောက်ခြမ်း ကျေးရွာ ၁၀ရွာခန့်ရှိ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။