Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့ပေါ်တွင် စစ်ကောင်စီ၏ ကင်းပတ်ယာဥ်ကို PDFအဖွဲ့ သိမ်းဆည်း

ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

(သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)
(သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့​ပေါ်တွင် စစ်ကောင်စီ၏ ညကင်းပတ်ယာဥ်ကို PDFအဖွဲ့က သိမ်းဆည်းလိုက်ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ညကင်းပတ်ရာတွင် အသုံးပြုပြီး ယင်းမာပင်မြို့ပေါ် လဝကရုံးမှကျေးလက်ရုံးသို့ ကူးသန်းလျက်ရှိသည့် ယာဥ်တစ်စီးကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ပစ်ခတ်သိမ်းဆည်းရမိခဲ့ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျေးလက်ရုံးနဲ့အကူးမှာ ပစ်ခတ်ခဲ့တာပါ။ ကားပေါ်ပါတဲ့သူတွေက နေ့စားပေးထားတာလို့ပြောတယ်။အကုန်လုံးသေချာစစ်မေးထားတာပါ။ ရုံးနဲ့ဆိုင်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်ဗျ။ ဘယ်သူ့မှထိန်းသိမ်းထားတာမရှိပါဘူး။”ဟု ၎င်းက ပြောသည်။

ထိုသို့ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၂၆ ရက်နေ့၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ယင်းမာပင်မြို့နယ်အတွင်း၌ ကင်းပတ်နေသော စစ်ကောင်စီယာဥ်တစ်စီးကို B-21Kani PDF ၊ယင်းမာပင်ခရိုင်တပ်ရင်း(၁၇ )တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook