Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ဘာသာရေးခေါင်းဆောင် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း KBCနှင့် ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီလို ကြားတယ်။ အတည်ဖြစ်တဲ့သဘောမှာရှိတယ်။ အခုအချိန်ထိတော့ စစ်ဆေးခေါ်မေးစရာရှိတယ်ဆိုပြီးတော့ ဖမ်းသွားတယ်ပြောတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KBCမှ ဘာသာရေးဆရာတစ်ဦးကလည်း “ဟုတ်တယ်။ ကြားတော့ ကြားမိတယ်။ အသေးစိတော့ ကျွန်တော်တို့ မသိဘူး။ စုံစမ်းနေဆဲပဲ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ကချင်ဘာသာရေးခေါင်းဆောင်အား ဖမ်းဆီးလိုက်ခြင်းသည် KIAနှင့် ဆက်ဆံရေးမကောင်းသည့် အခြေအနေတွင် ကချင်လူထုကို အားစမ်းသည့် သဘောဖြစ်သည်ဟု ဆိုသည်။

“သူတို့အနေနဲ့ အကဲစမ်းတဲ့သဘောပေါ့။ ကချင်လူထုက ဘယ်လောက်ထိ တုံ့ပြန်မှု ဘယ်လိုရှိမလဲ အကဲစမ်းတဲ့သဘောပေါ့ ။အကယ်၍များ လူထုက တုံ့ပြန်မှု အဲဒီလောက်ကြီး မကောင်းဘူးဆိုရင် သူတို့စွဲရင်လည်း စွဲနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အခုက သူတို့လည်း သူတို့လုပ်ငန်းစပြီလို့ ပြောလို့ရတာပေါ့။ KIA အနေနဲ့က သူတို့ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှု စားပွဲပေါ် တက်ဖို့ ကမ်းလှမ်းချက်မှာ လုံး၀ဝင်မလားဘူး။ လုံး၀ဝင်မလာတဲ့အချိန်မှာ ဒါကတော့ ကျွန်တော်တို့ အားလုံးမြင်ပြီးသားပေါ့။ သူတို့က ဒီလိုလုပ်လာမယ်ဆိုတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KBC ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်လူထုအပေါ် ဩဇာရှိသူတစ်ဦးဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ၂၀၁၉ နှစ်ကုန်ပိုင်းက တရားစွဲဆိုရန် လုပ်ဆောင်ခဲ့ဖူးသည်။ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ယင်းနှစ် ဇွန်လက အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ အရာရှိတစ်ဦးက မြစ်ကြီးနား တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်ဒေသတိုက်ပွဲများနှင့် ခရစ်ယာန်ဘာသာဝင်များ နှိပ်ကွပ်ခံရမှုအခြေအနေများကို ပြောဆိုခဲ့သည်ဟု ဆိုသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်တို့ မန္တလေး၌ တွေ့ဆုံပြီးနောက် ပြေလည်မှုရရှိခဲ့သည်။

“ပထမတစ်ခေါက်က ဟိုးအရင်က ထရမ့်နဲ့ကိစ္စမှာ တစ်ခေါက်ဖြစ်ပြီးသွားပြီ။ အဲဒီမှာ မန္တလေး မှာ တစ်ခေါက် ညှိနှိုင်းလိုက်ပြီးမှ တစ်ခေါက်အဆင်ပြေသွားပြီ။ အခုက အခြေအနေကအရမ်းကွာသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ယခင်ဖြစ်စဉ်အပေါ် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) အနေဖြင့် ကြားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

“စောင့်ကြည့်ရ မှာပေါ့ အခုကတော့။ ပြန်လွတ်မလား မလွတ်ဘူးလားဆိုတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။