Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုခွဲ၍ ကျေးရွာသုံးရွာကို ယနေ့ဆက်လက်မီးရှို့

စစ်ကောင်စီတပ်က ကျေးရွာများကို လိုက်လံမီးရှို့စဉ် ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလေးကြိမ် အသုံးပြုတုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ဒေသခံကာကွယ်ရေးတပ်များအနေဖြင် နေအိမ်များမီးရှို့နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်ကိုအပြည့်အ၀ မတားဆီးနိုင်ဘဲ ဖြစ်နေရသည်ဟု ဆိုသည်။

(သခွတ်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(သခွတ်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

၁၁ရက်အတွင်း ရွာပေါင်း ၁၀ရွာ မီးရှို့ခဲ့ရာ စပါးသိုလှောင်ရာ‌များကို အဓိကထား မီးရှို့ဟုဒေသခံပြော

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ယနေ့ ဆက်လက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များသည် နိုဝင်ဘာ ၂၅ရက်မှစ၍ ဒီဇင်ဘာ ၃ရက်အတွင်း ထီးချိုင့်နယ်ရှိကျေးရွာများကို မီးရှို့မှုများဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဆူးပုံချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိန်၊ လေသာ၊ ကျက်သရေချောင်းနှင့် သခွတ်ချောင်ရွာစသည်တို့ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေ ၄၃၇လုံး မီးလောင်ပျက်စီးခဲ့သည်။ထို့ပြင် ပြည်သူများ စိုက်ပျိုးရိတ်သိမ်းသိုလှောင်ထားသော စပါးတင်းပေါင်း ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ယနေ့(ဒီဇင်ဘာ ၅ရက်)တွင် ကျေးရွာသုံးရွာကိုထပ်မံ မီးရှို့ခဲ့သည်ဟု ဒေသခံက ပြောသည်။

“ထီးချိုင့်မြို့နယ် မြောက်ပြင်ဒေသ ပဲခင်းကျေးရွာ၊ အဲဒါပြီးတော့ ရွှေချောင်းကျေးရွာ၊ အဲဒါပြီးတော့ ဘိုတဲကုန်း ကျေးရွာ အဲဒီ သုံးရွာကို မီးရှို့သွားတယ်။ မီးရှို့ပြီးတော့ ဇီးဖြူကျင်းဆိုတဲ့ ကျေးရွာလေးကို ဆင်းပါတယ်။ ဆင်းပြီး အခုဟိုရက်က မီးရှို့ထားတဲ့ မီးလောင်ပြင်ကျန်ခဲ့တဲ့ ၃၅ အိမ် မီးလောင်ခဲ့တဲ့ ဆူးပုံချောင် ကျေးရွာလေးကို သူတို့ ဝင်သွားပါပြီ။တစ်ဖွဲ့က။ တစ်ဖွဲ့က ကတ္တရာလမ်းအတိုင်းဆင်းပြီး ၄၉အိမ်မီးရှို့ခံရတဲ့ အင်းတိန်ကျေးရွာကို အလယ်စစ်ကြောင်းက ဝင်နေပါပြီ။တောထဲက စစ်ကြောင်းကလည်း ဝင်နေပါပြီ”ဟု ထီးချိုင့်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်က ကျေးရွာ (၇)ရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ဆားကျင်းကျေးရွာတွင်အထိုင်ချနေပြီး ကျန်ကျေးရွာများကို ဆက်လက်မီးရှို့နိုင်ခြေရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အခု သူတို့ဝင်တဲ့အခြေအနေကလည်း ကျွန်တော်တို့ ဒေသတွေမှာ ဆန်စပါးစပေါ်တဲ့ အချိန်ဖြစ်ပါတယ်။အဲဒါ စပါးကျီတွေကို အဓိကထားပြီး မီးရှို့နေတာပါ။ အိမ်တိုင်းမှာ ကျေးရွာတိုင်းမှာ အိမ် တစ်လုံး စပါးကျီတစ်လုံးဆိုတာ ရှိကြပါတယ်။ အဲဒီ စပါးကျီတွေမှာ စပါးတွေကို ဒီအချိန်မှာ တစ်နှစ်စာအတွက် ဖူလုံအောင် ဖြည့်ထားတဲ့ စပါးတွေရှိပါတယ်။အဲဒီစပါးတွေကို အဲဒီလို လုပ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကို ငတ်မွတ်ခေါင်းပါးဆောင်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအချိန်ကြီးမှာ ရွေးပြီး လုပ်နေပါတယ်”ဟု ထီးချိုင့် ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ကျေးရွာများကို လိုက်လံမီးရှို့စဉ် ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလေးကြိမ် အသုံးပြုတုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ဒေသခံကာကွယ်ရေးတပ်များအနေဖြင် နေအိမ်များမီးရှို့နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်ကိုအပြည့်အ၀ မတားဆီးနိုင်ဘဲ ဖြစ်နေရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook