Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း နေအိမ်၂၆၀ကျော် မီးရှို့ဖျက်ဆီး၊ အဘွားအိုနှစ်ဦးပါ မီးထဲပါသွား

ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နှင့် ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် တရားကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေမိန်တောင်ရွာ မီးရှို့ခံရပြီးနောက် မီးလောင်ပြင်၌ တွေ့ရသော ဒေသခံတစ်ဦး)
(ရေမိန်တောင်ရွာ မီးရှို့ခံရပြီးနောက် မီးလောင်ပြင်၌ တွေ့ရသော ဒေသခံတစ်ဦး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင် စီတပ်က တစ်ပတ်အတွင်း ကျေးရွာခြောက်ရွာမှ နေအိမ်၂၆၀ကျော် မီးရှို့ဖျက်ဆီးခဲ့ရာ အဘွားအိုနှစ်ဦးပါ မီးထဲပါသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ၃၀ရက်ကတည်းက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယမန်နေ့ (ဒီဇင်ဘာ ၅ရက်) တစ်ရက်တည်း ကျေးရွာသုံးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နှင့် ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် တရားကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီကို ဓါးနဲ့တုံးပြီး အဲဒီမီးဖိုထဲကို ထည့်ချင်တာ။”ဟု ရေမိန်တောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက တရားကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဒီဇင်ဘာ၆ ရက်) နံနက်ပိုင်းတွင် တရားကျေးရွာကို နေရာသုံးနေရာခွဲ မီးရှို့နေပြီး ရှမ်းကိုင်းဘက်ကိုဦးတည်နေကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၃၀ ရက်မှစတင်ကာ ထန်းဇင်၊ ဆားထုံး၊လက်ပန်ကျွန်း၊တောကျောင်းကျေးရွာများအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

တောကျောင်းရွာမှနေအိမ် ၃၆ လုံး၊ လက်ပန်ကျွန်းရွာမှ ၃၂လုံး၊ ဆားထုံးရွာမှ ၁၂၅အိမ်၊ ထန်းဇင် မှ ၂၄အိမ်မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ဆားထုံးကျေးရွာ မီးရှို့ဖျက်ဆီးခံရချိန် အဘွားအိုနှစ်ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။