Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီလာမယ့် ခရီးစဉ်အထမမြောက်

ပရက်ဆွန်ခွန်းကိုယ်တိုင် မြန်မာ့အရေးကို စူပါမန်းပင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ခရီးစဉ် ၂ ကြိမ်အပြီး မီဒီယာမှာဖွင့်ဟသွားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီလာမယ့် ခရီးစဉ်အထမမြောက်
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီလာမယ့် ခရီးစဉ်အထမမြောက်

မြန်မာနိုင်ငံကို လာမယ့်ရက်သတ္တပတ်အတွင်း လာရောက်မယ့် ကြိုတင်ကြေညာထားတဲ့ အာဆီယံအထူးကိုယ်စားလှယ် ရဲ့ ခရီးစဉ်ဟာအထမမြောက်ဘူးလို့သိရပါတယ်။

ဒါဟာ မြန်မာစစ်ကောင်စီ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တာနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တက္ကသိုလ်ကျောင်းသားတွေကိုသေဒဏ်အမိန့်ချတာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်သူတွေရဲ့ သဘောထားကို ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်ကဖော်ပြပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးတာကိုကြိုဆိုခဲ့ပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်လို့ မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ အဲဒီအချိန်ကကြေညာပါတယ်။

ဒါပေမယ့် စီစဉ်ထားသလို မြန်မာနိုင်ငံဆီ မလာရောက်ဖြစ်တော့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ခမာတိုင်းမ်ရဲ့ဖော်ပြချက်အရ ပရက်ဆွန်ခွန်ဟာ ဒီဇင်ဘာလ ၁၄ ရက်မှာ ဘရပ်ဆဲလ်မှာကျင်းပမယ့် အာဆီယံ − အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ရှိနေပါတယ်။

ဒါကြောင့်မြန်မာ့အရေးကိုဖြေရှင်းဖို့အာဆီယံအထူးကိုယ်စားလှယ်တာဝန်ကို လာမယ့် နှစ်မှာ ဥက္ကဋ္ဌ တာဝန်ယူမယ့် အင်ဒိုနီးရှားကိုလွှဲပေးလိုက်တော့မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အတွင်းဝန်က ခမာတိုင်းမ်ကိုပြောထားပါတယ်။

ပရက်ဆွန်ခွန်ဟာ အာဆီယံ အထူးကိုယ်စားလှယ်တာဝန်ကိုယူပြီးနောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မတ်လနဲ့ဇွန်လတွေအတွင်း ၂ကြိမ် လာရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် တောင်းပေမယ့် စစ်ကောင်စီက ငြင်းပယ်တာကိုကြုံခဲ့ရသလို စစ်ကောင်စီ စီစဉ်ပေးသူတွေနဲ့သာတွေ့ဆုံသွားရပါတယ်။

ဒါကြောင့် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာမအောင်မြင်ဘူးလို့ ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။

ပရက်ဆွန်ခွန်းကိုယ်တိုင် မြန်မာ့အရေးကို စူပါမန်းပင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ခရီးစဉ် ၂ ကြိမ်အပြီး မီဒီယာမှာဖွင့်ဟသွားပါတယ်။

လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမယ့် အင်ဒိုနီးရှားကတော့ မြန်မာ့အရေးတက်ကြွတဲ့နိုင်ငံဖြစ်ပြီး စစ်ကောင်စီကိုထိပ်သီးအစည်းအဝေးမှာတင်မကဘဲ အာဆီယံ နဲ့ ဆက်စပ်နေတဲ့တခြားအဆင့်အစည်းအဝေးတွေမှာပါ မဖိတ်ဖို့ အဆိုပြုထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

Facebook