Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ နိုင်ငံရေးကစားကွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပြီး အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဥ်လာရောက်မည်ဟု ကြေညာ

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊

ဓာတ်ပုံ - Prak Sokhonn/FB
ဓာတ်ပုံ - Prak Sokhonn/FB

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက်ခရီးစဥ်သွားရောက်မည်ဟု ယနေ့ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊

စစ်ကောင်စီ၏ ယမန်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှုအပေါ် အထက်ပါအာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ကြိုဆိုကြောင်းဖော်ပြသည်။ ယင်းသို့အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အာဆီယံတူညီဆန္ဒ ၅ ရပ်နှင့်အညီ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကောင်းမွန်သည့်စိတ်ဆန္ဒတစ်ရပ်အဖြစ် အထူးကိုယ်စားလှယ်က ရှုမြင်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ယမန်နေ့ လွတ်ငြိမ်းပေးမှုတွင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးအကျဥ်းသားအချို့ပါဝင်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဥ်းထောင်များအတွင်း မတရားဖမ်းဆီးခံရသူများစွာ ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် စစ်အုပ်စုက စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လွှတ်ပေးခဲ့သည့် အကျဥ်းသား ၅၇၇၄ ဦးအနက် နိုင်ငံရေးအကျဥ်းသားအရေအတွက်မှာ ၅၃ ဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ယမန်နေ့အထိ ရရှိထားသော စာရင်းအရ သိရသည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားမည်ဟု AAPP က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်အုပ်စုသည် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး မတရား ဖမ်းဆီး ချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ရာ အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာသူများအတွက် ကိုယ်ချင်းစာနာမှုများဖြင့် ဝမ်းမြောက်မိသော်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ချီသည့် သွေးချင်းရဲဘော်ရဲဘက်များ၊ နွေဦးတော်လှန်ရေး သူရဲကောင်းများစွာမှာ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီး၌ မတရားဖမ်းဆီး အကျဉ်းချ ခံထားရဆဲ၊ မမြင်ကွယ်ရာတွင် နှိပ်စက်ညှင်းပန်းခံနေရဆဲ၊ အသက်ပေးနေရဆဲ နေ့စဉ်နှင့်အမျှ မတရား ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ မိန့်ခွန်းပြောသည်။

မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည့် အာဏာသိမ်းစစ်အုပ်စု၏ ဆောင်ရွက်ချက်မှာ အပေါ်ယံအားဖြင့် သက်ညှာသနားမှု ရှိသကဲ့သို့ထင်စရာရှိသော်လည်း အတွင်းကျကျ ပြန်ကြည့်ပါက ယခုကဲ့သို့လုပ်ဆောင်မှုသည် စစ်ကောင်စီ၏ ထွက်ပေါက်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့ရကြောင်း ယာယီသမ္မတက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

နိုင်ငံတကာ

ထောင်ကလွတ်တဲ့ နေ့မှာတော့ ဘီလီယံနာ သူဌေးကြီး သက်ဆင်ကို အနက်ရောင် မာစီဒီးစ်ကား တစ်စီးက လာရောက် ခေါ်ဆောင်သွားပြီး နောက်ထပ် ၂၅ မိနစ် အကြာမှာတော့ ဘန်ကောက်မြို့မှာရှိတဲ့ မိသားစု နေအိမ်ဆီ ရောက်သွားတာကို မြင်ခဲ့ကြောင်း သတင်းထောက်တွေက ဆိုပါတယ်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။