Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား
ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား

ဆောင်းရာသီ ဝင်ရောက်လာပြီး အပူချိန် ကျဆင်းလာချိန်မှာ ရုရှားဟာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေ အသုံးပြုမှုကို ရပ်တန့်သွားခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

အစောပိုင်း လတွေတုန်းက အီရန်က ထုတ်လုပ်ပြီး ကိုယ်တိုင် အပျက်စီးခံ တိုက်ခိုက် ဖောက်ခွဲလေ့ရှိတဲ့ ကာမီကာဇီ ဒရုန်းတွေဟာ ယူကရိန်းအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေဟာ နည်းပညာပိုင်းအရ အဆင့်မမြင့်သလို အရမ်းမြန်မြန်လည်း မပျံသန်းနိုင်ပါဘူး။ ဒါပေမဲ့ စျေးသက်သာပြီး ပေါပေါများများ ဝယ်ယူနိုင်သလို အုံနဲ့ကျင်းနဲ့ ပစ်လွှတ်နိုင်တာကြောင့် ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ကြားဖြတ် ဟန့်တားဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆောင်းရာသီ ကာလကို စတင်ချဉ်းနင်း ဝင်ရောက်လာချိန် ကတည်းက အဲဒီ ဒရုန်းတွေကို မတွေ့ရတော့ဘူးလို့ ယူကရိန်း ပူးတွဲ စစ်ဆင်ရေးဌာနရဲ့ မဟာဗျူဟာယ ဆက်သွယ်ရေး ဦးစီးမှူး ယက်ဗ်ဂျီနီ ဆီလ်ကင်က ပြောပါတယ်။ အဲဒီ ဒရုန်းတွေဟာ အရမ်းအေးမြတဲ့ ရာသီဥတုမျိုးမှာ ပုံမှန် အလုပ်မလုပ်နိုင်တာကြောင့် အခုလို အသုံးပြုမှု ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ နိုဝင်ဘာ ၁၇ ရက်ကစလို့ ရုရှားက အီရန် ဒရုန်းတွေ သုံးစွဲတာ လုံးဝ မတွေ့ရတော့ကြောင်း သိရပါတယ်။ အဲဒီနေ့က ယူကရိန်းမှာ အခုနှစ်အတွက် ပထမဆုံး ဆီးနှင်းတွေ ကျဆင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

အီရန်ကတော့ သူတို့ဟာ စစ်ပွဲကာလမှာ ရုရှားကို ဒရုန်းတွေ ထောက်ပံ့ပေးတာမျိုး မရှိကြောင်း ငြင်းဆိုထားပြီး စစ်ပွဲ မတိုင်ခင်က ပေးပို့ထားတဲ့ ဒရုန်းတွေကိုသာ ရုရှားက သုံးစွဲနေတာလို့ ဖြေရှင်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။