Connect with us

Hi, what are you looking for?

သတင်း

အ‌ရှေ့ဒဂုံတွင် ကင်းလှည့်နေသော စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုသည် အရှေ့ဒဂုံ မြို့နယ်အပြင် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့ နယ်များအထိ ကြားသိရကြောင်း ဒေသခံများက ပြောသည်။

(ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများနှင့် ယာဥ်တစ်စီး၊ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများနှင့် ယာဥ်တစ်စီး၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Yangon UG Association (YUA)၏ တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“ရဲဘော်တွေက ပတ်ကင်းကားတွေကို ခဏခဏစောင့်ကြည့်တယ်။ ပုံမှန်ဒီအချိန် ဒီလမ်းက လာတာဆိုတော့ ကြိုစောင့်ပြီးခွဲလိုက်တာ”ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းကပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ည ၉နာရီခွဲခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၂)လမ်းမကြီး နှင့် ကျန်စစ်သားလမ်းဆုံ မီးပွိုင့်အနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး YUAအဖွဲ့ဝင် Generation Z Defense Force & Supply Army (GZDF)က လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ထိခိုက်မှုကတော့ စစ်သားနှစ်ယောက်ထိသွားတယ်။ သူတို့နှစ်ယောက်ကို တုံးလုံးလှဲပြီး အဲဒီ့ကားနဲ့ပဲ ခေါ်သွားတယ်။ အစမှန်တာလို့ ယူဆရပါတယ်”ဟု ဆရာကျောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို အသက်လျော်ကြေး စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုသည် အရှေ့ဒဂုံ မြို့နယ်အပြင် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့ နယ်များအထိ ကြားသိရကြောင်း ဒေသခံများက ပြောသည်။

“ည ၉နာရီလောက်မှာ ပေါက်တာ။အသံနဲ့ တုန်ခါမှုရယ်တင်နှစ်လုံးစလုံးက ပြင်းအား တော်တော်များတယ်”ဟု မြောက်ဒဂုံမြို့ခံတစ်ဦးက ရှင်းပြသည်။

YUAအနေဖြင့် အသက်လျော်ကြေးစစ်ဆင်ရေးကို ဒီဇင်ဘာ ၈ရက်က အမှတ်(၃)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၍ စတင်ခဲ့ခြင်းဖြစ်ပြီး မတရားသဖြင့် သေဒဏ်ချမှတ်ခံရသည့် ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် ရည်ရွယ်လက်စားချေသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ ၊ ရုံးများ ၊ အထိုင်ကင်း ၊လှည့်ကင်းများနှင့်ဝေးရာ၌ နေပေးရန် YUGက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook