Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် ဆိုင်ကယ်ဖြင့်လာသည့် စစ်ကောင်စီဗိုလ်မှူးနှင့်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်၊ ခုနစ်ဦးသေဟုဆို

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

(တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုခဲ့သော စလက်မိုင်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုခဲ့သော စလက်မိုင်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ခရီးသွားပြည်သူများ၏ယာဥ်များကို ဖမ်းဆီး၊ ငွေညှစ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးပါဝင်သောယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၁)ညနေ ၆ နာရီခွဲခန့်က မန္တလေး – ဗန်းမော်လမ်းပိုင်း ဆယ်ဇင်းကုန်းကျေးရွာထိပ်နားတွင် ခရီးသွားယာဥ်များအား ဖမ်းဆီး၊ ငွေညှစ်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာသော ရဲနှင့်စစ်သား အင်အား (၈)ဦးပါ စစ်ကောင်စီတပ်ကို ကိုးပင်နှင့် ပုတီးဖြူရွာကြားတွင် စလက်မိုင်းနှစ်လုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

“သေတဲ့အထဲ ဗိုလ်မှူးပါ၊မပါ တိကျမသိလိုက်ရဘူးဗျ။ တခါတည်း ကား နှစ်စီးနဲ့ သယ်သွားလို့ပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ မိုင်းခွဲတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ လျှပ်စီးပြောက်ကြားတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း အထက်ပါရဲဘော်က အသိပေးသည်။

ယနေ့(ဒီဇင်ဘာ ၂၂)နံနက်ပိုင်းတွင် ယမန်နေ့က တိုက် ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာသို့ စစ်ကောင်စီတပ်သား အင်အား (၂၀)ခန့်ရောက်ရှိနေပြီး မန္တလေး-ဗန်းမော်လမ်းအား ပိတ်ဆို့စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။