Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ညအချိန်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကိုးကန့်တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)

ချင်းရွှေဟော်နှင့် မုံးကိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ကျော်သေဆုံးခဲ့မှုအပေါ် လက်စားချေခြင်းဖြစ်ဟု MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ကိုးကန့်တပ်မတော်(MNDAA) တပ်စခန်းရှိရာကို စစ်ကောင်စီက ညအချိန်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ MNDAA ရဲဘော် တစ်ဦးကျဆုံးပြီးငါးဦး ဒဏ်ရာရခဲ့သည်ဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

အာဏာသိမ်းစစ်ကောင်စီတပ်၏ ယခုလိုလာရောက်ပစ်ခတ်ခြင်းသည် MNDAAကို ဦးတည်ပြီး လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လတ်တလောအာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ဦး စွာဖော်ဆောင်သောတိုက်ပွဲများတွင်အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး ထိနာသွား၍ ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

မြန်မာ -တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ နမ့်ဖာတောင်ဒေသသို့ စစ်ကောင်စီတပ်က နိုဝင်ဘာလကုန်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်လာရာ နိုဝင်ဘာ ၂၈ရက်နှင့် ၂၉ရက်တို့တွင် တိုက်ပွဲများဖြစ်ခဲ့သည်။အဆိုပါ တိုက်ပွဲ၌ MNDAA ဘက်က ထိခိုက်ကျဆုံး လုံး၀မရှိဘဲစစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ အနည်းဆုံး ၅၀ကျော်ကို ချေမှုန်းနိုင်ခဲ့သည်ဟု MNDAAက ယနေ့ အသိပေးသည်။ ကိုးကန့်ဒေသ လောက်ကိုင်ရှိ အရပ်သားများပေးပို့သောသတင်းအရ နမ့်ဖာတောင်တိုက်ပွဲပြီးနောက် လောက်ကိုင် ဒကစဆေးရုံတွင် စစ်ကောင်စီ၏ ဒဏ်ရာရ လူနာများကုသနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

ထို့ပြင် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း မုံးကိုးဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် MNDAAတပ်က ထပ်မံချေမှုန်းခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ MNDAAကို ဦးတည်သောစစ်‌ရေးလှုပ်ရှားခြင်းနှင့် ယခုလို တိုက် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းတို့သည် မြန်မာနိုင်ငံတစ်ဝိုင်းလုံး သို့မဟုတ် မြောက်ပိုင်း ဒေသများ၏ ပဋိပက္ခတွေကို ပိုမိုပြင်းထန်အောင်ပြုလုပ်ခြင်းဖြစ်သည်ဟု MNDAAက ဆိုသည်။

၂၀၂၁ အာဏာလုယူပြီးနောက် မင်းအောင်လှိုင်ကို ဗဟိုပြုသောစစ်ကောင်စီတပ်ဖွဲ့သည် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ကန့်ကွက်ခြင်း၊ လူစုဝေးသောနည်းဖြင့် ဆန္ဒပြခြင်းနှင့်လက်နက်ကိုင် တိုက်ခိုက်ခြင်းများကိုခံ‌နေရကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခွဲခြားဆက်ခံခြင်းကိုလည်း ခံနေရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ တပ်ပြေးသူများမှာ တစ်နေ့တစ်ခြားပိုမို များပြားလာပြီး ဒီမိုကရေစီ တော်လှန်ရေးတပ်ဖွဲ့တွင်းသို့လာရောက်ပူးပေါင်းပါဝင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

တပ်ပြေးသူများပြားလာခြင်းနှင့် မြန်မာနိုင်ငံတစ်ဝိုင်းရှိ တိုင်းရင်းသားလက်နက်တပ်ဖွဲ့များ၏ တုန့်ပြန်သောအခြေအနေပြင်းထန် လာခြင်းတို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် စစ်မြေပြင်၌ လူအင်အားအမြောက်အများဖြင့် မတိုက်ခိုက်နိုင်တော့ဘဲ တိုက်လေယာဉ်ကိုသာအား ကိုးပြီးတိုက်ခိုက်နေရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လေကြောင်းပစ်ခတ်မှုအရှိန်ကိုမြှင့်တင်ခဲ့ပြီး အရပ်သားနေအိမ်၊ စာသင်ကျောင်း ၊ မြို့ပြအဆောက်အဦး များကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သားနှင့် ကျောင်းသားအနည်းဆုံး လူဦးရေ ၁၀၀ကျော် အသက်ပေးဆပ်ခဲ့ရကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook