Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ညအချိန်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကိုးကန့်တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)

ချင်းရွှေဟော်နှင့် မုံးကိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ကျော်သေဆုံးခဲ့မှုအပေါ် လက်စားချေခြင်းဖြစ်ဟု MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ကိုးကန့်တပ်မတော်(MNDAA) တပ်စခန်းရှိရာကို စစ်ကောင်စီက ညအချိန်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ MNDAA ရဲဘော် တစ်ဦးကျဆုံးပြီးငါးဦး ဒဏ်ရာရခဲ့သည်ဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

အာဏာသိမ်းစစ်ကောင်စီတပ်၏ ယခုလိုလာရောက်ပစ်ခတ်ခြင်းသည် MNDAAကို ဦးတည်ပြီး လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လတ်တလောအာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ဦး စွာဖော်ဆောင်သောတိုက်ပွဲများတွင်အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး ထိနာသွား၍ ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

မြန်မာ -တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ နမ့်ဖာတောင်ဒေသသို့ စစ်ကောင်စီတပ်က နိုဝင်ဘာလကုန်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်လာရာ နိုဝင်ဘာ ၂၈ရက်နှင့် ၂၉ရက်တို့တွင် တိုက်ပွဲများဖြစ်ခဲ့သည်။အဆိုပါ တိုက်ပွဲ၌ MNDAA ဘက်က ထိခိုက်ကျဆုံး လုံး၀မရှိဘဲစစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ အနည်းဆုံး ၅၀ကျော်ကို ချေမှုန်းနိုင်ခဲ့သည်ဟု MNDAAက ယနေ့ အသိပေးသည်။ ကိုးကန့်ဒေသ လောက်ကိုင်ရှိ အရပ်သားများပေးပို့သောသတင်းအရ နမ့်ဖာတောင်တိုက်ပွဲပြီးနောက် လောက်ကိုင် ဒကစဆေးရုံတွင် စစ်ကောင်စီ၏ ဒဏ်ရာရ လူနာများကုသနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

ထို့ပြင် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း မုံးကိုးဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် MNDAAတပ်က ထပ်မံချေမှုန်းခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ MNDAAကို ဦးတည်သောစစ်‌ရေးလှုပ်ရှားခြင်းနှင့် ယခုလို တိုက် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းတို့သည် မြန်မာနိုင်ငံတစ်ဝိုင်းလုံး သို့မဟုတ် မြောက်ပိုင်း ဒေသများ၏ ပဋိပက္ခတွေကို ပိုမိုပြင်းထန်အောင်ပြုလုပ်ခြင်းဖြစ်သည်ဟု MNDAAက ဆိုသည်။

၂၀၂၁ အာဏာလုယူပြီးနောက် မင်းအောင်လှိုင်ကို ဗဟိုပြုသောစစ်ကောင်စီတပ်ဖွဲ့သည် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ကန့်ကွက်ခြင်း၊ လူစုဝေးသောနည်းဖြင့် ဆန္ဒပြခြင်းနှင့်လက်နက်ကိုင် တိုက်ခိုက်ခြင်းများကိုခံ‌နေရကြောင်း၊ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခွဲခြားဆက်ခံခြင်းကိုလည်း ခံနေရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ တပ်ပြေးသူများမှာ တစ်နေ့တစ်ခြားပိုမို များပြားလာပြီး ဒီမိုကရေစီ တော်လှန်ရေးတပ်ဖွဲ့တွင်းသို့လာရောက်ပူးပေါင်းပါဝင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

တပ်ပြေးသူများပြားလာခြင်းနှင့် မြန်မာနိုင်ငံတစ်ဝိုင်းရှိ တိုင်းရင်းသားလက်နက်တပ်ဖွဲ့များ၏ တုန့်ပြန်သောအခြေအနေပြင်းထန် လာခြင်းတို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် စစ်မြေပြင်၌ လူအင်အားအမြောက်အများဖြင့် မတိုက်ခိုက်နိုင်တော့ဘဲ တိုက်လေယာဉ်ကိုသာအား ကိုးပြီးတိုက်ခိုက်နေရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လေကြောင်းပစ်ခတ်မှုအရှိန်ကိုမြှင့်တင်ခဲ့ပြီး အရပ်သားနေအိမ်၊ စာသင်ကျောင်း ၊ မြို့ပြအဆောက်အဦး များကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သားနှင့် ကျောင်းသားအနည်းဆုံး လူဦးရေ ၁၀၀ကျော် အသက်ပေးဆပ်ခဲ့ရကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။