Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်းကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ယခင်လပိုင်းအတွင်းက တောကျောင်းလေးနှင့် နဂါးဗိုလ်ကျေးရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်(ပုံအဟောင်းဖြစ်ပါသည်)၊ ဓာတ်ပုံ-Chaung U Revolution
ယခင်လပိုင်းအတွင်းက တောကျောင်းလေးနှင့် နဂါးဗိုလ်ကျေးရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ခဲ့စဥ်(ပုံအဟောင်းဖြစ်ပါသည်)၊ ဓာတ်ပုံ-Chaung U Revolution

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ ခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၂၇ ရက်က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနှင့် ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနှင့် ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အမြင့်ကျေးရွာရှိ နေအိမ်များကိုလည်းစစ်ကောင်စီတပ်က ဖောက်ထွင်း၍ ပစ္စည်းများ အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ချောင်းဦးမြို့နယ်၊ အမြင့်နှင့် ကံကြီးကုန်းရွာတွင် စစ်ကောင်စီတပ်သားများရှိနေ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကျေး ပအဖ၊ပကဖများနှင့် ဒေသခံတော်လှန်ရေးအင်အားစုများ၏ ခွင့်ပြုချက်မရဘဲ မိမိရပ်ရွာသို့ အရဲစွန့်ဝင်ရောက်ခြင်း မပြုကြရန်နှင့် တော်လှန်ရေးအင်အားစုများ၏ အကြံပြုချက်များကို လေးစားလိုက်နာပေးကြရန် ချောင်းဦး(ပကဖ)အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။