Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လစဉ် မြန်မာနိုင်ငံသား ၄၀၀၀၀ ဝန်းကျင်လောက် ပြည်ပကို ရွှေ့ပြောင်း ထွက်ခွာနေတယ်လို့ IOM ဆို

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေ ၊စီးပွား​ရေး၊လူမှု​ရေးအကြပ်အတည်း​တွေက အခုလို အခြေအနေတွေ ပေါ်ပေါက်လာအောင် တိုက်ရိုက် တွန်းအားပေးနေတယ်လို့လည်း IOMက ဆိုပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ
တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

လစဉ် ပျမ်းမျှ မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ ပြည်ပကို ရွှေ့ပြောင်းထွက်ခွာနေကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM)က အောက်တိုဘာလထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ လစဉ် မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ တရားဝင်ရော၊ တရားမဝင်တဲ့ လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာနေကြတယ်လို့ IOMက ခန့်မှန်းထားပါတယ်။ အဲဒီထဲက အများစုဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးကြတယ်လို့ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေ ၊စီးပွား​ရေး၊လူမှု​ရေးအကြပ်အတည်း​တွေက အခုလို အခြေအနေတွေ ပေါ်ပေါက်လာအောင် တိုက်ရိုက် တွန်းအားပေးနေတယ်လို့လည်း IOMက ဆိုပါတယ်။

တကယ်လို့သာ ၂၀၂၃ ခုနှစ်မှာ ပဋိပက္ခတွေက လက်ရှိနဲ့ အလားတူ ဆက်ဖြစ်နေမယ်၊ ဒါမှမဟုတ် ဆိုးသထက် ဆိုးလာဦးမယ် ဆိုရင် လအလိုက် ပြည်ပ ထွက်ခွာနေတဲ့ ကိန်းဂဏန်းတွေဟာ လျော့ပါးသွားမှာ မဟုတ်ဘူးလို့လည်း ဆိုတယ်။

Public Service Announcement

Public Service Announcement

ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ
ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

နောက်ပြီး ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွေကို လူသားချင်း စာနာမှု ထောက်ပံ့ရေး အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့် တားဆီး ပိတ်ပင်ခံထားရမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူသားရေးရာ အကျပ်အတည်းတွေ ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း IOMက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ထည့်သွင်း သုံးသပ်ထားပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး စနစ်တွေမှာလည်း နှောင့်နှေး မှားယွင်းမှုတွေ ဆက်ပြီး ကြုံရဖွယ် ရှိနေဆဲပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေဟာ ၁.၁ သန်းလောက် တိုးလာတာကြောင့် စုစုပေါင်း နေရပ်စွန့်ခွာသူ ဦးရေဟာ ၁.၄ သန်းလောက်ထိ များပြားလာပါတယ်။ အများစုဟာ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေမှာဖြစ်ပြီး ၇၇၀၄၀၀ လောက် ထွက်ပြေးနေရပါတယ်။ အဲဒီထဲက ၆၁၂၄၀၀ လောက်ဟာ စစ်ကိုင်းတိုင်းက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။

စီးပွားရေး ကျဆင်းမှု၊စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲနိုင်ငံရေး အကျပ်အတည်းတွေနဲ့ကိုဗစ် ကပ်ရောဂါဂယက်တွေက မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းမှုတွေကို ပိုမိုရှုပ်ထွေးပြီး အကန့်အသတ်တွေ ဖြစ်စေခဲ့တယ်လို့လည်း IOMက သုံးသပ်ထားပါတယ်။ ဒါပေမဲ့လည်း ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေကြောင့် စွန့်စားရတဲ့၊ မလုံခြုံတဲ့ နည်းလမ်းတွေကို အရဲစွန့် ရွေးချယ်ပြီး ရွှေ့ပြောင်းရတာမျိုးတွေ ပိုပြီးကျယ်ပြန့်လာနေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

သတင်း

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

သတင်း

ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ မုဒုံမြို့တွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာခြင်းကြောင့် မုဒုံမြို့ပေါ်တွင် ရေသုံးပေခန့်အထိမြင့်တက်လာပြီး ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။