Connect with us

Hi, what are you looking for?

သတင်း

လစဉ် မြန်မာနိုင်ငံသား ၄၀၀၀၀ ဝန်းကျင်လောက် ပြည်ပကို ရွှေ့ပြောင်း ထွက်ခွာနေတယ်လို့ IOM ဆို

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေ ၊စီးပွား​ရေး၊လူမှု​ရေးအကြပ်အတည်း​တွေက အခုလို အခြေအနေတွေ ပေါ်ပေါက်လာအောင် တိုက်ရိုက် တွန်းအားပေးနေတယ်လို့လည်း IOMက ဆိုပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ
တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို ၂၀၂၁ ဒီဇင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

လစဉ် ပျမ်းမျှ မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ ပြည်ပကို ရွှေ့ပြောင်းထွက်ခွာနေကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ (IOM)က အောက်တိုဘာလထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ လစဉ် မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ တရားဝင်ရော၊ တရားမဝင်တဲ့ လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာနေကြတယ်လို့ IOMက ခန့်မှန်းထားပါတယ်။ အဲဒီထဲက အများစုဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးကြတယ်လို့ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေ ၊စီးပွား​ရေး၊လူမှု​ရေးအကြပ်အတည်း​တွေက အခုလို အခြေအနေတွေ ပေါ်ပေါက်လာအောင် တိုက်ရိုက် တွန်းအားပေးနေတယ်လို့လည်း IOMက ဆိုပါတယ်။

တကယ်လို့သာ ၂၀၂၃ ခုနှစ်မှာ ပဋိပက္ခတွေက လက်ရှိနဲ့ အလားတူ ဆက်ဖြစ်နေမယ်၊ ဒါမှမဟုတ် ဆိုးသထက် ဆိုးလာဦးမယ် ဆိုရင် လအလိုက် ပြည်ပ ထွက်ခွာနေတဲ့ ကိန်းဂဏန်းတွေဟာ လျော့ပါးသွားမှာ မဟုတ်ဘူးလို့လည်း ဆိုတယ်။

Public Service Announcement

Public Service Announcement

ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ
ပြည်ပသို့သွား​ရောက်နိုင်ရန် နိုင်ငဲကူးလက်မှတ်လျှောက်ဖို့​စောင့်ဆိုင်း​နေသူ​တွေကို ၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

နောက်ပြီး ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွေကို လူသားချင်း စာနာမှု ထောက်ပံ့ရေး အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့် တားဆီး ပိတ်ပင်ခံထားရမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူသားရေးရာ အကျပ်အတည်းတွေ ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း IOMက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ထည့်သွင်း သုံးသပ်ထားပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး စနစ်တွေမှာလည်း နှောင့်နှေး မှားယွင်းမှုတွေ ဆက်ပြီး ကြုံရဖွယ် ရှိနေဆဲပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေဟာ ၁.၁ သန်းလောက် တိုးလာတာကြောင့် စုစုပေါင်း နေရပ်စွန့်ခွာသူ ဦးရေဟာ ၁.၄ သန်းလောက်ထိ များပြားလာပါတယ်။ အများစုဟာ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေမှာဖြစ်ပြီး ၇၇၀၄၀၀ လောက် ထွက်ပြေးနေရပါတယ်။ အဲဒီထဲက ၆၁၂၄၀၀ လောက်ဟာ စစ်ကိုင်းတိုင်းက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။

စီးပွားရေး ကျဆင်းမှု၊စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲနိုင်ငံရေး အကျပ်အတည်းတွေနဲ့ကိုဗစ် ကပ်ရောဂါဂယက်တွေက မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းမှုတွေကို ပိုမိုရှုပ်ထွေးပြီး အကန့်အသတ်တွေ ဖြစ်စေခဲ့တယ်လို့လည်း IOMက သုံးသပ်ထားပါတယ်။ ဒါပေမဲ့လည်း ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေကြောင့် စွန့်စားရတဲ့၊ မလုံခြုံတဲ့ နည်းလမ်းတွေကို အရဲစွန့် ရွေးချယ်ပြီး ရွှေ့ပြောင်းရတာမျိုးတွေ ပိုပြီးကျယ်ပြန့်လာနေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သတင်း

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

လာမယ့်အောက်တိုဘာ ၁ရက်ကစပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို ဗီဇာ‌လျှောက်စရာမလိုပဲ ၁၄ ရက်ကင်းလွတ်ခွင့်ရမယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

Facebook