Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု အပြစ်ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းကာ တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUG ကြေညာ

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

စစ်အုပ်စု၏ ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့်အလေ့အထ (Impunity)ကို အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUGက ကတိပြုထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ပြီးဖြစ်ကြောင်း NUG က ၂၀၂၁ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUG သည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ မတရား ညှင်းပမ်း နှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေးအတွက်လည်း တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်လည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။