Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲရာနေရာများကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် SBTF ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် SBTF ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ဒေသတွင်းမဟာမိတ်အဖွဲ့များပူးပေါင်းကာ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့များက ပွိုင့်နေရာအသီးသီးခွဲကာ တာဝေးပစ် လက်နက်ကြီး (၆၀)မမ၊ (၈၀)မမ၊ (၁၂၀)မမ များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ရဲစခန်းပေါ်သို့ လက်နက်ကြီး ကျရောက်သဖြင့် စစ်ကောင်စီတပ်များ တပ်ဖြန့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ငယ်ဖြင့်ပစ်ခတ်သော စစ်ကောင်စီတပ်ထံက မီးပွင့်များမြင်တွေ့ရသဖြင့် မောင်းပြန်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီဘက်က အထိခိုက်ကျဆုံးများနိုင်ပြီး အရေတွက်အတိအကျ မသိရသေးဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့တပ်ဖွဲ့များအနေနဲ့ တာဝေးပစ်လက်နက်ကြီးကို ပစ်မှတ်ထိရောက်နိုင်အောင် တစ်ချက်ချင်း ပစ်ခတ်ခဲ့တာကြောင့်ရယ် တက်လာတဲ့စခတွေကို လက်နက်ငယ်နဲ့အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် အချိန် ၁နာရီကျော်တော့ ကြာတယ်ဗျ။ စ…(စစ်ကောင်စိတပ်သား)တွေဘက်က ထိခိုက်မှုအများဆုံးနေရာကတော့ ရဲစခန်းပါဗျ။ ရဲစခန်းဘက်က်ို ထုတော့ ပေါက်ကွဲသံနဲ့အတူ သွပ်သံတွေပါကြားရတယ်။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး လက်နက်ငယ်သမားတွေ ရှေ့ကိုတက်လာပြီး ပစ်တယ်။ ကျနော်တို့လည်း ငှားလာတဲ့ လက်နက်အစစ်နဲ့ပဲ ပြန်ပစ်ခဲ့ရတယ်ဗျ။”ဟု SBTF အဖွဲ့တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Salingyi Border Task Force – SBTF၊ Eagle Defense Force၊ FBGA၊ တဇောက်ကမ်းဘဂျမ်းမဟာမိတ်တပ်ဖွဲ့များနှင့် အခြားသောဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

“တော်လှန်ရေး၁နှစ်ကျော်ကာလမှာ လက်နက်အစစ်မရှိသော်လည်း လက်လုပ်တွေ အငှားလက်နက်အစစ်လေးနဲ့ပဲ ပွဲပေါင်း များစွာ တိုက်ခိုက်ခဲ့ကြရတာဖြစ်လို့လက်နက်စစ် ရအောင်ကြိုးစားရင်း ဆက်လက်တိုက်ပွဲနေပါအုံးမယ်။”ဟု SBTFတာဝန်ခံ ရဲဘော်တံခွန်က ဖြည့်စွက် ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ညကလည်း နယ်ချင်းဆက်နေသော ဆားလင်းကြီးမြို့ပေါ်တွင်လည်း စစ်အုပ်စုတပ်စွဲရာနေရာများအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်