Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို PDFက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးထိခိုက်ဟု ဒေသခံပြော

အဆိုပါတိုက်ခိုက်မှုကို ချက်ချင်းသတင်းမထုတ် ပြန်ခဲ့ခြင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့သည့် PDF ရဲဘော်များ၏ လုံခြုံရေးကြောင့်ဖြစ်ပြီး လက်ရှိတွင်ဘေးကင်းရာသို့ ရောက်ရှိပြီဟု ဒေသခံက ပြောသည်။

၂၀၂၁ ဒီဇင်ဘာလပိုင်းတွင် ပွင့်ဖြူရဲတပ်ဖွဲ့က လမ်းသွားလမ်းလာများအား စစ်ဆေးနေစဉ်၊ ဓာတ်ပုံ - ပွင်ဖြူဟစ်တိုင်
၂၀၂၁ ဒီဇင်ဘာလပိုင်းတွင် ပွင့်ဖြူရဲတပ်ဖွဲ့က လမ်းသွားလမ်းလာများအား စစ်ဆေးနေစဉ်၊ ဓာတ်ပုံ - ပွင်ဖြူဟစ်တိုင်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ရက် ညပိုင်းက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေရဲ နှစ်ဦး ထိခိုက်မှုရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) များနှင့်နီးစပ်သည့် ပွင့်ဖြူဒေသခံက ပြောသည်။

“ပစ်တဲ့နေရာမှာ တစ်လုံးပဲ ပစ်ခဲ့နိုင်တယ်။ အကြောင်းကြောင်းကြောင့် သုံးလုံးကတော့ မပစ်ခဲ့နိုင်ဘူး။ ဒီလို ပစ်တဲ့နေရာမှာ ရခ နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း သိရတယ်။ သေကြေတာတော့ အတိအကျမသိရဘူးပေါ့။သေတယ်လို့လည်း ပြောတယ်” ဟု ပွင့်ဖြူဒေသခံက ပြောသည်။

“သရက် – ကံမ ရဲဘော်တွေအတွက်ရယ် နှစ်ကူးတိုက်ပွဲခေါ်သံပေးချင်တာ။ ကျနော်တို့ နှစ်ပါတ်လောက် ထောက်လှမ်းရေးလုပ်တယ်။ ပစ်မှတ်ကိုထိဘို့ နေရာရှာရတယ်။ အကွာအဝေးရောပေါ့။ လေးလုံးပစ်ဘို့ ဆင်ပြီးသား၊ သုံးလုံးက အအေးရိုက်သွားလို့ အယ်ဒါဖြစ်သွားတယ်။ တစ်လုံးပဲပေါက်တယ်”ဟု ပွင့်ဖြူ(ပ.က.ဖ)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရာဇာကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရဲနှစ်ဦး၊ သောက်စားပျော်ပါးရန်ရောက်ရှိနေသည့် စစ်ကောင်စီထောက်တိုင်တစ်ဦး ထိခိုက်သွားပြီး နောက်ဆုံးအခြေအနေအရ သေဆုံးနိုင်ကြောင်း ကိုရာဇာကြီးက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီလိုတိုက်ခိုက်တာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက သရက်-ကံမ ကလေးတွေရဲ့ သွေးကြွေးကို ပြန်ဆပ်တဲ့အနေနဲ့ရော ၂၀၂၃ နှစ်ဦးကို ကြိုဆိုတဲ့အနေနဲ့ရော မဲဇလီရဲစခန်းကို ပွင့်ဖြူ PDFက စတင်ပြီးတော့ တိုက်ခိုက်တယ်။ အရှိန်အဟုန်မြှင့်ပြီးတော့ ဆက်လက်တိုက်ခိုက်သွားမယ်”ဟု ပွင့်ဖြူဒေသခံက ပြောသည်။

ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးများကိုလည်း ဆက်လက်တိုက်ခိုက်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ချက်ချင်းသတင်းမထုတ် ပြန်ခဲ့ခြင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့သည့် PDF ရဲဘော်များ၏ လုံခြုံရေးကြောင့်ဖြစ်ပြီး လက်ရှိတွင်ဘေးကင်းရာသို့ ရောက်ရှိပြီဟု ဒေသခံက ပြောသည်။

တချိန်တည်း၌ပင် စလင်းမြို့နယ် ကံပြားစခန်းကိုလည်း စလင်း PDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရကြောင်း ပွင့်ဖြူဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။