Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စပါးတင်းတစ်ထောင်ကျော်ကိုပါ အဓမ္မသိမ်းယူသွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ‌ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ စပါးတင်းတစ်ထောင်ကျော်လည်း အဓမ္မယူဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းသည် ဇန်နဝါရီ ၆ရက် ညနေနှင့် ၇ ရက်တို့တွင် ထန်းပင်ကုန်းရွာရှိ နေအိမ်များနှင့် ကြာတကန်ကျေးရွာမှ တဲအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထန်းပင်ကုန်းရွာမှ နေအိမ် ၅၆လုံးနှင့် ကြာတကန်ရွာမှ တဲအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာမှ တဲအိမ်တွင် စစ်ဘေးရှောင်နေကြသော အသက်(၅၈)နှစ်အရွယ် ဦးထွန်းလှနှင့် အသက်(၃၀)နှစ်အရွယ် ကိုညီညီအောင်တို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဦးထွန်းလှအား မီးရှို့သတ်ဖြတ်၍ ကိုညီညီအောင်အား လက်ပြန်ကြိုးတုပ်ကာ သေနတ်နှင့် ဦးခေါင်းတခြမ်းပွင့်ထွက်သည်အထိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာက တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေသိမ်းယူပြီး ဒေသခံများ၏ စပါးတင်း တစ်ထောင်ကျော်‌ကိုလည်း ကားများဖြင့် ရှစ်ခေါက်တိတိခိုးယူသယ်ဆောင်သွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ၂,၅ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကြာတကန်နှင့် ထန်းပင်ကုန်းရွာတို့၌ သုံးညအိပ်စစ်ကြောင်းထိုးပြီး ဇန်နဝါရီ ၈ရက် နံနက်ပိုင်းတွင် ချပ်သင်းနယ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook