Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကံကြီးကုန်းရွာတွင် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ပျူများအား ထောက်ပံ့နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ကံကြီးကုန်းရွာတွင် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ပျူများအား ထောက်ပံ့နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးရန် ထွက်လာသည့် စစ်ကောင်စီတ​ပ်နှင့်​ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက် နံနက် ၈နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ကင်းပုန်းဝပ်၍ ပြောက်ကျားနည်းဖြင့် ခြုံခို၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFက အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း CLDFက ဆိုသည်။

ကံကြီးကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့် ပျူများသည် အနီးဝန်းကျင်ရွာများမှ ပြည်သူများ၏ အိုးအိမ်၊ ပစ္စည်းများ ဖျတ်ဆီးခြင်း၊ သိမ်းယူခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်နေကြောင်း၊ ယမန်နေ့ကလည်း ထိုသို့ပြုလုပ်ရန် ထွက်လာချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CLDFက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ ပြောက်ကျားစစ်ဆင်ရေးကို ဇန်နဝါရီ ၇ရက်က ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော် “ဋ” အတွက် ရည်ရွယ်၍ “ဋ စစ်ဆင်ရေး” ဟု အမည်တပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)နှင့် တော်လှန်ရေး ညီနောင်အင်အားစုများဖြစ်ကြသော မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃) – လျှပ်စီးတပ်ခွဲ တပ်ခွဲ (၄) – မီးတောက်တပ်ခွဲ၊ မုံရွာခရိုင် အမှတ် (၁၇)တပ်ရင်း၊ ရန်ရှင်း ဒေသကာကွယ်ရေးအဖွဲ့၊ Banana UG၊ ရှမ်းရှမ်းတောက် အထူးတပ်ဖွဲ့နှင့် ချောင်းဦးမြို့နယ်(ပ.လ.ဖ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာရှိ ပျူစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၂၅ ရက် ညကလည်း ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။