Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ် လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ (၃)နှစ်ကလေးငယ်နှင့် သင်းအုပ် ဆရာနှစ်ပါးအပါအဝင် ဒေသခံ ၅ဦးသေဆုံး

ဒေသခံများ၏ နေအိမ်အများအပြား ကြေမွပျက်စီးခဲ့ပြီး နေအိမ်အများအပြား ဗုံးကျည်ဆံ ထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးသူ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News)
(အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးသူ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၅ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ဇန်နဝါရီ ၁၂ရက် မွန်းလွဲပိုင်းက ဖာပွန်(မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီစစ်တပ်က တိုက်လေယာဉ် လေးစင်းဖြင့် ဗုံး)၈)လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရွာအတွင်း ဗုံး ၆လုံးကျရောက် ပေါက်ကွဲခဲ့သည်ဟု ဖော်ပြထားသည်။

သေဆုံးသူများမှာ အသက် (၄၅)နှစ်အရွယ် (ကတ်သလစ် သင်းအုပ်ဆရာ) စောရယ်ဒီ၊အသက် (၃၈) နှစ်အရွယ် (နှစ်ခြင်းခရစ်ယာန် အသင်းအုပ်ဆရာတော်) စောချမ်အေး၊ အသက် (၃၅)နှစ်အရွယ် စောဖါးဘလယ်၊ အသက် (၂၇)နှစ်အရွယ် နော်လါးခလယ်ဖောနှင့် ၎င်း၏ သမီးဖြစ်သည့် အသက် (၂)နှစ်နှင့် (၁၁)လအရွယ် ကလေးငယ်တို့ ဖြစ်သည် ဟု ထုတ်ပြန်သည်။

အသက် (၄၀) နှစ်အရွယ်၊ နော်မဲရေဖော အသက် (၃၅)အရွယ်နော်ဆိ တို့ ဗုံးဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးမှုရှိခဲ့ပြီး နှစ်ခြင်းခရစ်ယာန်ဘုရာကျောင်း နှစ်ကျောင်း၊ (RC)ဘုရားကျောင်း တစ်ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒေသခံများ၏ နေအိမ်အများအပြား ကြေမွပျက်စီးခဲ့ပြီး နေအိမ်အများအပြား ဗုံးကျည်ဆံ ထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသည်။

ဇန်နဝါရီ ၁၂ရက် နေ့လည်ပိုင်း၌ပင် စစ်ကောင်စီတပ် က ဘူးသိုမြို့နယ်သို့ လေကြောင်းမှ ဗုံး၆လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၅လုံးပေါက်ကွဲခဲ့ပြီး အသက် (၃၀)နှစ် အရွယ် နော်ဂေချဲးနှင့် သူမ၏သား အသက်(၄) နှစ်အရွယ်ကလေးငယ်တို့ ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

အိမ်မွေးတိရိစ္ဆာန်သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၉ရက်ကလည်း မထောအခြေစိုက်စစ် ကောင်စီစစ်တပ် စကခ-၈၊ ခမရ-၄၀၇ တပ်ဖွဲ့ဝင်များက ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဖွေးပဝါကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီရဲ့ လေကြောင်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသူ၊ ရွာသူရွာသားများနှင့် ကျောင်းသူ၊ကျောင်းသားများမှာ စိုရိမ်ကြောက်လန့်နေကြရကြောင်း၊ ကျောင်းသူ၊ကျောင်းသာများ ကျောင်းပုံမှန်မတက်နိုင်ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook