Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် PDFနှင့်စစ်အုပ်စုအနီးကပ်တိုက်ပွဲဖြစ်

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် ၏တပ်ရင်း (၄)ဖြစ်​သောအထူးကွန်မန်ဒိုတပ်ဖွဲ့ -Monywa The Boys ကဦး​ဆောင်၍ ဒေသတွင်းမဟာမိတ်PDFများကတိုက်ခိုက်ခဲ့ခြင်းသည်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CAF
မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CAF

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များထိပ်တိုက်​တွေ့ပြီးအပြန်အလှန်စကားဝှက်မေးပြီးနောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် ၏တပ်ရင်း (၄)ဖြစ်​သောအထူးကွန်မန်ဒိုတပ်ဖွဲ့ -Monywa The Boys ကဦး​ဆောင်၍ ဒေသတွင်းမဟာမိတ်PDFများကတိုက်ခိုက်ခဲ့ခြင်းသည်။

“ဒီကောင်တွေက ရွာကိုမီးရှို့ပြီးတော့ ရွာနဲ့စျေးနဲ့ကို တပ်စွဲထားတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကနယ်မြေရှင်းလင်းရေးဝင်တာ။ ဝင်တဲ့အချိန်မှာ ဒီကောင်တွေကလည်း ညဆိုတော့ကင်းပုန်းဝပ်နေတဲ့အချိန် ထိပ်တိုက်တွေ့တာ နီးနီးလေး။”ဟု စစ်ဆင်ရေးတွင်လည်းပါဝင်သူ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

PDFများက သစ်ပင်​ခြောက်နား​ရောက်​နေချိန်နှင့် စစ်​ကောင်စီတပ်မှာ သစ်ပင်အစို အပင်ကြီးနား​ရောက်​နေချိန်အနီးကပ်တိုက် ခိုက်ခဲ့ကြခြင်းဖြစ်သည်။ဓါတ်ပုံ-Chindwin Attack Force
PDFများက သစ်ပင်​ခြောက်နား​ရောက်​နေချိန်နှင့် စစ်​ကောင်စီတပ်မှာ သစ်ပင်အစို အပင်ကြီးနား​ရောက်​နေချိန်အနီးကပ်တိုက် ခိုက်ခဲ့ကြခြင်းဖြစ်သည်။ဓါတ်ပုံ-Chindwin Attack Force

ထို့နောက် PDFအဖွဲ့ဘက်နှင့် စစ်အုပ်စုမှာ အပြန်အလှန် စကားဝှက်မေးမြန်းခဲ့ပြီး​နောက်မှ ရန်သူမှန်းသိ၍ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက် ​ပေ ဆယ်ဂဏန်းခန့်သာကွာ​ဝေး​သောအနီးကပ်တိုက်ပွဲတွင် PDFများက စစ်​ကောင်စီတပ်ကို အထိနာ​အောင်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က password ကိုမေးတယ်။ သူတို့ဘက်ကလည်း အဖွဲ့ကိုမေးတယ်။ သုံးခါလေါက်မေးပြီးတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က Password တူမီးလို့ပြောလိုက်တဲ့အချိန်မှာ သူတို့ဘက်က 40 နဲ့စပစ်တာ။ အနီးကပ်ရှင်းလင်းတာ။Monywa The Boys က ဦးဆောင်ပြီးပစ်တာ။မှောင်ရီပြိုးဆိုတော့ မသိဘူး။ ကျွန်တော်တို့ကလည်းတော်လှန်ရေးရဲဘော်တွေထင်နေတာ။”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

အနီးကပ်တိုက်ပွဲတွင်တပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦးမစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆုံးအတည်ပြုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။

“ကျွန်တော်တို့တပ်ခွဲမှူးနဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကြားထဲ ကျည်က ဖြတ်သွားတာ။အဲမှာအနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာ။ Monywa The Boys က ရဲဘော်တော်တော်များများက ပစ်လိုက်တာ တော်တော်လေးသေတယ်။တော်တော်နီးတယ်။”ဟု Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) တပ်ခွဲ ၄က ဦး​ဆောင်၍ 5 / Teachers People Defense Force PDF၊ မုံရွာခရိုင်တပ်ရင်း – ၇ (Lightning People Defence Force )၊ Salingyi Revolution Army (SRA)၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(C.D.F)၊ Fight For Freedom ( F3 )၊ဓားမဆိုင်းတပ်မတော် ( D.M.S.A )၊ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တပ်ရင်းတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Forceက အသိပေးထားသည်။

ဆားလင်းကြီးမြို့နယ်တွင်း မီးပတ်ရှို့နေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့များ နေ့စဥ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်။ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်သေမင်းတမန်ပြောက်ကျားအဖွဲ့ ( Salingyi )က စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့၍ နှစ်ဖက်ထိခိုက်မှုရှိပြီး PDF အဖွဲ့ပိုင် ကား၃စီးအပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့ ( Salingyi )၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အဆိုပါစစ်​ကောင်စီ စစ်​ကြောင်းကိုပင် Monywa The Boys ဦး​ဆောင်​သောPDFများက ဇန်နဝါရီ ၁၂ ရက်ည​ဦးပိုင်းတွင်ထိပ်တိုက်​တွေ့ဆုံ၍ အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ပတ်အတွင်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်ကောင်စီတပ်ကြောင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာပေါင်း၂၀ ကျော်မှပြည်သူသောင်းချီထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။