Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး
လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရိုးကြီး၌ စစ်ကောင်စီအလိုကျ ပွဲများလုပ်ကာပျော်ပါးနေသည့် သတင်းပေး(ဒလန်)များအား နောက်ဆုံးအကြိမ် သတိပေးကြောင်း ‌အနက်ရောင်သေမင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့ချုပ် မှ ဗိုလ်နောင်လေးက ပြောသည်။

“‌ပျော်နေကြတာကတော့ ဒလန်အများစုရပ်ကွက်တွေပါ။ နောက်ဆုံးအကြိမ်သတိပေးတာပါ။ ဒီနေ့ကစလို့ ဒီလိုပဲဆက်ဖြစ်နေရင် ဒလန်တွေသွားရာလမ်းကို ပို့မယ်”ဟု ဇန်နဝါရီ ၁၆ ရက်တွင် ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ် ရိုးကြီး၌ ဒလန်အများစုနေထိုင်သည်ဟု သတင်းရသောကြောင့် ၎င်းတို့အဖွဲ့သားများကိုယ်တိုင်စစ်ဆေးခဲ့ရာ ပြည်သူ့ဘက်တော်သားများကို ဗုံးကြဲတိုက်ခိုက်ချိန်များတွင် ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ်‌လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“လှုပ်ရှားဖို့ကို အဖွဲ့ခွဲ (၂)အရိပ်တို့ အဖွဲ့ကိုလွှတ်ထားတာ ကြာခဲ့ပါပြီ။ ပြည်သူတွေကို စကစနဲ့ ဝေးဝေးနေကြဖို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်နောင်လေးက ပြောသည်။

Public Service Announcement

Public Service Announcement

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

“ရန်ကုန် – မန္တလေးအတွက် ပိုမိုတိုက်ခိုက်သွားတော့မှာဖြစ်ပါတယ်”ဟု ဗိုလ်နောင်လေးကပြောသည်။

အနက်ရောင်သေမင်း အဖွဲ့သည် မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့အနေဖြင့် လှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး မန္တလေးမြို့တွင် တင်းကျပ်သည့် စစ်ဆေးမှုများကြောင့် ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့သည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook