Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး
လှိုင်သာယာတွင် စစ်ကောင်စီအလိုကျ ပွဲများလုပ်ပျော်ပါးနေသည့် သတင်းပေးများအား ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပေး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရိုးကြီး၌ စစ်ကောင်စီအလိုကျ ပွဲများလုပ်ကာပျော်ပါးနေသည့် သတင်းပေး(ဒလန်)များအား နောက်ဆုံးအကြိမ် သတိပေးကြောင်း ‌အနက်ရောင်သေမင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့ချုပ် မှ ဗိုလ်နောင်လေးက ပြောသည်။

“ ‌ပျော်နေကြတာကတော့ ဒလန်အများစုရပ်ကွက်တွေပါ။ နောက်ဆုံးအကြိမ်သတိပေးတာပါ။ ဒီနေ့ကစလို့ ဒီလိုပဲဆက်ဖြစ်နေရင် ဒလန်တွေသွားရာလမ်းကို ပို့မယ်” ဟု ဇန်နဝါရီ ၁၆ ရက်တွင် ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ် ရိုးကြီး၌ ဒလန်အများစုနေထိုင်သည်ဟု သတင်းရသောကြောင့် ၎င်းတို့အဖွဲ့သားများကိုယ်တိုင်စစ်ဆေးခဲ့ရာ ပြည်သူ့ဘက်တော်သားများကို ဗုံးကြဲတိုက်ခိုက်ချိန်များတွင် ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ်‌လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ လှုပ်ရှားဖို့ကို အဖွဲ့ခွဲ (၂)အရိပ်တို့ အဖွဲ့ကိုလွှတ်ထားတာ ကြာခဲ့ပါပြီ။ ပြည်သူတွေကို စကစနဲ့ ဝေးဝေးနေကြဖို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်နောင်လေးက ပြောသည်။

Public Service Announcement

Public Service Announcement

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

“ ရန်ကုန် – မန္တလေးအတွက် ပိုမိုတိုက်ခိုက်သွားတော့မှာဖြစ်ပါတယ်” ဟု ဗိုလ်နောင်လေးကပြောသည်။

အနက်ရောင်သေမင်း အဖွဲ့သည် မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့အနေဖြင့် လှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး မန္တလေးမြို့တွင် တင်းကျပ်သည့် စစ်ဆေးမှုများကြောင့် ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့သည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။