Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်များရှိရာနေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရဟု မိုးဗြဲ PDF ပြော

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များရှိရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တမင်ချိန်ရွယ်၍ ပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၆ရက်) ည ၈နာရီ၁၅မိနစ်ဝန်းကျင်မှစ၍ ဖယ်ခုံမြို့ရှိ အကြမ်းဖက်စစ် ကောင်စီအမြောက်တပ်မှ စစ်ဘေးရှောင်များရှိရာနေရာသို့ တမင်တကာချိန်ရွယ်ကာနှစ်ဆင့်ကွဲအမြောက်ဖြင့် ပစ်ခတ်မှုကြောင့် ကောင်းဆောင်ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ – MBPDF)

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနေ့က ည ၇ နာရီခွဲလောက်ကတည်းက ဖယ်ခုံမှာ ပစ်ခတ်သံရော လေယာဥ်သံတွေပါကြားတာ။သူတို့ဘက်က စစ်လှန့်တဲ့အနေအထားဘဲ။ဒါပေမယ်လို့ အရပ်သားတွေပါ ပစ်မှတ်လုပ်ပြီး တိုက်ခိုက်နေတာကတော့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်လို့ပဲ ပြောချင်တယ်”ဟု MBPDF တာဝန်ရှိသူ က ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ – MBPDF)

အလားတူ စစ်ရှောင်နေရာကို တမင်တကာချိန်ရွယ်ပြီး ပစ်ခတ်သောလုပ်ရပ်များက အကြမ်း ဖက်စစ်ကောင်စီသည် ​ပြည်သူများကိုပါ ရန်သူသဖွယ်သတ်မှတ်လုပ်‌ဆောင်နေခြင်းဟု MBPDF က အသိပေးသည်။

ထို့ကြောင့် မည်သည့်နေရာသည်လုံခြုံသည်ဟူ ၍မရှိ‌သောကြောင့် မိမိလုံခြုံရေးကိုအထူးဂရုပြုသွားလာနေထိုင်ပေးရန် တိုက်တွန်းသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ယခုလ ၁၆ရက်အတွင်း၌ပင် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ရပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့