Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

(ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဒေသခံ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(ဇန်နဝါရီ ၉ ရက်) အသိပေးထုတ်ပြန်သည်။

ယမန်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်မှာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန်မှာ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“မိုးဗြဲအခြေစိုက် (၄၂၂)တပ်က ပစ်တာလို့ ပြောလို့ရတယ်။တစ်ဖက်သတ်လူနေ ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လာတာကတော့ တိုက်ပွဲမဖြစ်ဖြစ်အောင် ဖန်တီးနေတာ”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယခုရက်သတ္တပတ်မှစ၍ မိုးဗြဲမြို့‌ပေါ်သို့ အကြမ်းဖက်စစစ်ကောင်စီက လက်နက်ကြီးရမ်း သမ်းပစ်ခတ်မှု အကြိမ်အရေအတွက်ပိုများလာကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိုးဗြဲနယ်ပြည်သူများအနေဖြင့် မိုးဗြဲမြို့သည် လုံးဝအေးချမ်းသည်မဟုတ်ကြောင်းကို သိရှိရန်လိုအပ်ပြီး မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လုံခြုံရေးကို မပေါ့လျော့ရန်နှင့် သွားလာလှုပ်ရှားမှုကို အထူးဂရုပြုရန် MBPDFက တိုက်တွန်းသည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တော်လှန်သည့် ဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်က ကလေးငယ် ၁၁ဦးအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။