Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်​ရေယာဥ်မှPDFများသိမ်းဆည်းရရှိခဲ့သော စားနပ်ရိက္ခာများကို စစ်ဘေး​ရှောင်များကို​ပေး​ဝေ

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် ​ရေယာဥ်မှသိမ်းဆည်းရရှိ​သော စားနပ်ရိက္ခာများကိုစစ်​ဘေး​ရှောင်များသို​ကူညီ​ပေး​ဝေရန်ပြင်ဆင်ထားမှု။ ဓါတ်ပုံ-ကျောက်လုံးကြီးKLG)
(စစ်​ကောင်စီတပ် ​ရေယာဥ်မှသိမ်းဆည်းရရှိ​သော စားနပ်ရိက္ခာများကိုစစ်​ဘေး​ရှောင်များသို​ကူညီ​ပေး​ဝေရန်ပြင်ဆင်ထားမှု။ ဓါတ်ပုံ-ကျောက်လုံးကြီးKLG)

ကနီမြို့နယ်တွင်စစ်ကောင်စီတပ်ရေယာဉ်ပေါ်မှ သိမ်းဆည်းနိုင်ခဲ့သော ဆန်နှင့်စားသုံးကုန်များကို စစ်ဘေးရှောင်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ပေး​ဝေခဲ့သည်။

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးတွေရေယာဉ်ကနေ ရတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေနဲ့ အမြဲတမ်းစစ်ဘေးရှောင်တွေဆီဝေတာပါ”ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိကပြောသည်။

ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ဇန်နဝါရီလ ၃ရက်က တိုက်ပွဲတွင် စစ်ကောင်စီရေယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သည်။ ထိုရေယာဉ်ပေါ်မှ သိမ်းဆည်းရရှိခဲ့သည့် ဆန် ၃၅အိတ်၊ပဲသုံးအိတ်နှင့်ဆီတစ်ပုံးကို စစ်ဘေးရှောင်ပြည်သူများထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ ယနေ့(ဇန်နဝါရီလ ၁၇ရက်ညနေအထိ) တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။